Chapter 9

1K 124 7
                                    

'ဖုယွိ'စံအိမ်သည် 'မင်လင်'​တောင်တန်း၏ ခါးရိုးတစ်​​လျှောက်အလယ်ပိုင်းတွင်တည်ရှိသည်။ ယခင်က သီးသန့်ဗီလာတစ်လုံးသာဖြစ်ခဲ့ပြီး အန်ကယ်ဖုမှာ အများသုံးအပန်း​ဖြေ​နေရာတစ်ခုအဖြစ် မ​ဖွင့်လို။ သည်နှစ်ပိုင်းများအတွင်းတွင်မှ ​လောင်ရွှီနှင့်​လောင်ချိုက်တို့၏အကြံ​ပေး​ဖျောင်းဖြမှုများကြောင့်သာ အပန်း​ဖြေဧည့်သည်များလက်ခံရန် တံခါးဖွင့်​ပေးလာခဲ့ခြင်းဖြစ်သည်။ သို့​သော်ငြား စည်းကမ်းသတ်မှတ်ချက်များမှာ​တော့ အင်မတန်များလှသည်ပင်။ မည်သို့ပင်ဆို​စေကာမူ ဤကဲ့သို့​စည်းကမ်းများသည့်သ​ဘောသဘာဝကိုမှ နှစ်သက်ကြသည့်လူချမ်းသာများလည်းရှိကြသည်ဖြစ်ရာ အခန်းငှားရမ်းယူဖို့အတွက်ပင်လျှင် ဆယ်ရက်၊လတစ်ဝက်​လောက်ကတည်းက ကြို၍အမှာစာတင်ထားကြရ၏။ အထူးသဖြင့် မြို့ပြမှ အမျိုးသားအမျိုးသမီးများသည် ဤ​နေရာ၌ အချိန်ဖြုန်းရသည်ကို သ​ဘော​တွေ့ကြပြီး လူငယ်စုံတွဲ​​လေးများလည်း အလည်အပတ်လာကြခြင်း​ကြောင့် စိတ်ကူးယဥ်စရာ​ကောင်းသည့်​အပြင်အဆင်တို့ အများအပြားရှိသည်ပင်။ စံအိမ်ဗီလာတစ်ခုလုံး၌ လိုအပ်သည့်ပစ္စည်းအသုံးအ​ဆောင်များ အပြည့်အစုံရှိသည့်အပြင် စားစရာ၊​သောက်စရာ အ​ပျော်တမ်းကစားစရာမျိုးစုံကိုလည်း တစ်​နေရာထဲ၌ဝန်​ဆောင်​မှု​ပေးနိုင်​ချေသည်။

ရွှီကျစ်သည် ကား​ပေါ်မှဆင်းလာပြီး ခရီး​ဆောင်အိတ်အားအခန်းထဲပို့​ပြီးသည်နှင့် ​'ဖုယွိချင်'အားရှာ​ဖွေရန် ​အောက်ထပ်သို့​ပြေးဆင်းလာပါ​တော့၏။

"အန်ကယ်ဖု! အန်ကယ်ဖု!"

ယခုအခိုက်အတန့်တွင် ဖုယွိချင်သည် ​ကော်ဖီတစ်ခွက်ကိုင်ရင်း ယမ်းနံ့များထုတ်လွှတ်​နေသည့်မျက်နှာထားဖြင့် အ​ရှေ့​ကောင်တာကိုမှီလျက်ရှိသည်။ ရင်ခွင်ထဲ၌ခွေး​လေးတစ်​ကောင်ပိုက်ထားပြီး ပန်းပွင့်အထည်ရှပ်အင်္ကျီပွပွကြီးအား ခါးပတ်ထဲသို့ တစ်ဝက်ထည့်ကာ ကျန်တစ်ဝက်အားအပြင်ထုတ်၍ ဝတ်ဆင်ထားသည်။ ခန္ဓာကိုယ်နှင့်အသားအရည်တို့မှာ ကြည့်လိုက်ရုံနှင့်ပင် အ​တော်​လေးထိန်းသိမ်းထားမှန်းသိသာပြီး ဂုဏ်အ​သ​ရေရှိသည့်အသွင်အပြင်မျိုးလည်း ပိုင်ဆိုင်ထား​သေးသည်။ တစ်ခုတည်း​သောဒိတ်​အောက်​နေသည့်ပစ္စည်းမှာ​ကား ဦး​ခေါင်းအထက်မှ ဦးထုပ်သာလျှင်ဖြစ်၏။ ကြည့်ရသည်မှာ ​တောင်​ပေါ်တက်၍ ​ကျောက်တုံးရှာ​ဖွေ​​​ရေးဆင်းပြီး ယခု​လေးတွင်မှပြန်​ရောက်ထားပုံရကာ ရွှီကျစ်အားလှမ်းမြင်လိုက်သည်နှင့် ဝမ်းသာတကြီးနှုတ်ဆက်လာခဲ့သည်။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now