Chapter 59

1K 163 24
                                    

ကျူးယန်ချီသည် အလွန်အမင်းနှိပ်စက်ခံ​နေရသည့်အမူအရာမျိုးဖြင့် နံရံ​ထက်သို့မှီချလိုက်ပြီး ထိုနှစ်​ယောက်သားထံလှမ်းကြည့်ရင်း အထူးသဖြင့် ရွှီကျစ်ထံသို့ကြည့်၍ ;

"​ပြောပါဦး ၊ မင်း အရင်ဦး​ဆောင်တာမလား ၊ ဒီ​ခွေး​ကောင်ချန်လုကျိုးကို ငါ ​ကောင်း​ကောင်းကြီးနားလည်တယ် ၊ အခုလိုအချိန်မျိုးမှာ သူ မင်းကို လုံးဝရန်စရဲမှာမဟုတ်ဘူး"

ရွှီကျစ် စကားမဆိုရ​သေးခင်တွင် ချန်လုကျိုးက ပင်ပန်း​နေသည့်အတိုင်း ဆိုဖာ​နောက်သို့မှီချပစ်လိုက်ပြီး ကူကယ်ရာမဲ့စွာပင် မျက်နှာကျက်အားစိုက်ကြည့်လိုက်သည်။ အမူအရာမှာလည်း ဆန္ဒမပြည့်ဝ​သော​ကြောင့် စိတ်ရှုပ်​နေသည့်ဟန်နှင့်။

"မင်း မရှုပ်လွန်းဘူးလားကွာ ၊ မင်းနဲ့ဘာဆိုင်​နေလို့လဲ"

ကျူးယန်ချီမှ​နေ၍ ;

"ငါ့ညီအစ်ကိုက ဒီလိုမျိုးမရှင်းမလင်းအ​နေအထားကြီးနဲ့ အိမ်ထဲမှာ သူများနဲ့အတူတူပြွတ်ပြွတ်လုပ်​နေလို့ ငါ နှစ်ခွန်း​လောက်​မေးကြည့်တာ​​တောင် မရဘူးလား....."

စကားသံအဆုံးတွင် ချန်လုကျိုးက 'ကျစ်'ခနဲစုတ်သပ်လိုက်ပြီး လည်စလုတ်ကိုလည်း အထက်​အောက်လှုပ်ရှားပစ်လိုက်​သေးသည်။

"အင်း ၊ မင်း အရမ်းစပ်စုလွန်းလို့ မင်းအ​ဖေရိုက်ထားတာကို ​မေ့သွားပြီလား"

ထိုကိစ္စမှာကား တစ်ခါက ကျူးယန်ချီ​အ​ဖေ၏မိတ်​ဆွေတစ်ဦး အိမ်လာလည်သည့်အခိုက်တွင် ထိုမိတ်​ဆွေနှင့်သားဖြစ်သူက ရုပ်ရည်ချင်းမတူကြသည်ကိုကြည့်ရင်း ကျူးယန်ချီ​​၏စိတ်ထဲ၌ ချန်လုကျိုးကဲ့သို့​ မွေးစားထားသည့်က​လေးများဖြစ်​နေ​လောက်မလားဟူ​သော အ​တွေးတစ်ခုဝင်လာခဲ့သည်။ အသက်ငယ်​သေးသည့်အတွက်လည်း က​လေးပီပီ တည့်တိုး​မေးကြည့်မိလိုက်၏။ 'ဦး​လေးတို့က ဘာဖြစ်လို့ ရုပ်ချင်းမတူတာလဲဟင် ၊ ဦး​လေးက က​လေးအ​ဖေအရင်းလား' ​မေးခွန်းတစ်ခု​ကြောင့် ထိုမိတ်​ဆွေ၏မျက်နှာမှာ ဖြူဖြူပြာပြာဖြစ်ကုန်ပြီး ရက်သတ္တပတ်နီးပါး စိတ်မ​အေးနိုင်သည့်အဆုံးတွင် က​လေးကို​ခေါ်၍ ​​သွေးသားကိုက်ညီမှုရှိမရှိ ​ဆေးစစ်ချက်ပြုလုပ်​တော့၏။ ရလဒ်အ​နေဖြင့် က​လေးဟာ တကယ်လည်း​သွေးသားရင်းဟုတ်မ​နေ။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now