Chapter 82 ( part 1 )

1.2K 173 13
                                    

ရွှီကျစ်က ​ရေတစ်ခွက်ကိုင်ထားရင်းဖြင့် သူ့ရင်ဘတ်အားတွန်းထုတ်ပစ်ကာ ခပ်​ရေး​ရေး​လေးပြုံးလိုက်၍ ;

"ဘာလုပ်တာလဲလို့ ချန်လုကျိုး ၊ ငါ နှင်း​တွေကြည့်​နေတဲ့မြင်ကွင်းကိုပိတ်​နေပြီ"

ချန်လုကျိုးသည် လက်ထဲမှ​ရေခွက်ကိုလှမ်းယူ၍ ​ဘေးတစ်ဖက်တွင်ထားလိုက်ရင်း ရွှီကျစ်ကိုလည်း စားပွဲခုံအစွန်းထိ​ရောက်​အောင်တွန်းပို့သွား​၏။ မတ်တပ်ရပ်အ​နေအထားအတိုင်းဖြင့် နှစ်​ယောက်သားဒူးနှစ်ဖက်လုံးထိကပ်လျက်ရှိ​နေပြီး  သူဟာ လက်နှစ်ဖက်လုံးအိတ်ကပ်ထဲထည့်ကာ တ​လေးတနက်နှင့်ကြည့်ရင်း စကားဆိုလာခဲ့သည်။

"အဲ့ဒီအချိန်တုန်းက တခြားအရာ​တွေအားလုံးထက် ကိုယ်ကိုယ်တိုင်က မင်းနဲ့မပြတ်မသား​ပတ်သတ်လိုက်မိပြီးမှ မင်း စိတ်ထိခိုက်သွားရတာမျိုးဖြစ်မှာ​ကြောက်​နေခဲ့လို့ ၊ မင်း​တောင်မှ မင်း အများကြီး​တွေးဖြစ်ခဲ့တယ်လို့​ပြောတယ်မလား ၊ ကိုယ်လည်း အများကြီး​တွေးခဲ့တာပါပဲ ၊ ကျူးယန်ချီက မင်းကို ဘာ​တွေ​ပြောထား​သေးလဲ"

"ဘာမှမရှိ​တော့ဘူး"

စကားဆိုလိုက်ရင်း ရွှီကျစ်က ​ဘေးဘက်သို့လည်း​​ရှောင်လိုက်၍ ;

"နင် ငါ့နားလိုက်ကပ်မ​နေနဲ့"

"ဘာလို့​ရှောင်​နေတာလဲ"

ချန်လုကျိုးသည် တမင်သက်သက်အ​ရှေ့တိုးပြီး သူမ၏ခန္ဓာကိုယ်ထက်သို့ပူးကပ်ပစ်လိုက်ခြင်း​ကြောင့် ရွှီကျစ်မှာ ​ကျောပြင်နှင့်တစ်သားတည်းဖြစ်​အောင်ဖိကပ်ခံလိုက်ရကာ ​နားရွက်ဖျားများပူလာသည့်အပြင် မျက်လုံးများပြာ​ဝေလာရ​တော့၏။ အပြင်ဘက်မှနှင်းပွင့်ချပ်များသည်ပင် သူမ​ကြောင့် အရည်​ပျော်ပယ်လွင့်သွားသ​ယောင်ထင်ရသည့်အခိုက်အတန့်တွင် သူ၏စကားသံဖွဖွအားကြားလိုက်ရ၏။

"ကိုယ် မင်းအ​​ပေါ်အေးတိ​အေးစက်​နေတယ်ဆိုပြီး မင်း ​ပြောချင်တယ်မလား ၊ ကိုယ် တစ်ချက်ထိရုံနဲ့တင် မင်း တုံ့ပြန်လာတာကို​ရောနားလည်ရဲ့လား ၊ ​အေးတိ​အေးစက်ဆက်ဆံတာမဟုတ်ဘူး.....ကိုယ်က စိုးရိမ်​နေတာ ၊ တချို့ကိစ္စ​တွေက ထင်ထားသ​လောက်စိတ်ချရတာမဟုတ်ဘူး ၊ တစ်ခါနှစ်ခါက ကိစ္စမရှိ​ပေမယ့် မကြာခဏဆိုရင် မ​ကောင်း​တော့ဘူး ၊ မ​တော်တဆများရှိသွားခဲ့ရင်ဘယ်လိုလုပ်မလဲ ၊ အကာအကွယ်သုံးထားရက်နဲ့ ကိုယ်ဝန်ရသွားတာ​တွေကို ကိုယ် မမြင်ဖူးတာလည်းမဟုတ်ဘူး ၊ ကျူးယန်ချီ​တောင်မှ အဲ့လိုဖြစ်ပြီး​မွေးလာတာ ၊ ကိုယ် မင်းကို ဘာမှန်းမသိညာမှန်းမသိတဲ့ဒုက္ခ​တွေ မခံစား​စေချင်ဘူး"

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now