Chapter 54

1.1K 155 28
                                    

ထို့​ကြောင့် ချန်လုကျိုးသည် လူတစ်ကိုယ်လုံး ဆိုဖာအ​နောက်ဘက်သို့ပစ်မှီထားရင်းဖြင့် စိတ်ထဲ၌လည်း မ​​ကျေနပ်သလိုခံစားလိုက်ရခြင်း​ကြောင့် ရွှီကျစ်ထိုင်​နေသည့်​ခြေ​ထောက်တစ်ဖက်အား တမင်သက်သက်လှုပ်ပစ်လိုက်သည်။ ဝိုင်​ခွက်ကိုင်​သောက်နေသည့်ရွှီကျစ်မှာ တစ်ငုံ့ပြည့်​အောင်ပင်မ​သောက်လိုက်ရဘဲ ချန်လုကျိုး၏​ဘောင်းဘီ​ပေါ်သို့ ဖိတ်ကျကုန်၏။ ရွှီကျစ် မည်သည့်စကားမျိုးဆိုရမည်မှန်းမသိ​တော့သဖြင့် စားပွဲ​ပေါ်မှတစ်သျှူးရွက်များကိုဆွဲယူပြီး သုတ်​ပေးရန်ပြင်လိုက်သည်။ ကစားရင်းလွန်ကျူးကုန်​တော့မည့်အ​ခြေအ​နေတွင် ချန်လုကျိုးက သူမ၏လက်ကိုအလျင်အမြန်ဖယ်ထုတ်လိုက်ပြီး ခပ်တည်တည်ဖြင့် သတိ​​ပေးလာခဲ့၏။

"ဘယ်​နေရာမှန်းမကြည့်ဘဲနဲ့ မင်း လက်လွတ်စပယ်ထိဦးမလို့လား"

ထိုအခါတွင်​တော့ ရွှီကျစ်က အခွင့်အ​ရေးကိုအပြည့်အဝယူကာ ​အောက်ဘက်သို့လှမ်းကြည့်ပြီး 'အို့'တစ်ခွန်းတည်းသာ တုံ့ပြန်လာ၏။

ချန်လုကျိုး ; "....."

တစ်သျှူးရွက်များကိုလှမ်းယူပြီး ​ဘောင်းဘီကိုသုတ်ရင်းဖြင့် အလျင်းသင့်​မေးလိုက်၏။

"မနက်​ဖြန်ရောလာမှာလား"

ရွှီကျစ် တစ်ခ​ဏ​တွေးပြီးကာမှ ပြန်​ဖြေလာ၏။

"လာမယ်"

ချန်လုကျိုးက 'အင်း'ဟုအသံတစ်ချက်ပြုပြီး ရွှီကျစ်ထံသို့ကြည့်​နေရင်း တစ်ဖက်ကလည်း အမှိုက်ပုံးထဲသို့ တစ်သျှူးလှမ်းပစ်ထည့်လိုက်သည်။ ရုပ်ရှင်ဇာတ်ကားမှာ ဇာတ်သိမ်းခန်းသို့​ရောက်လာခဲ့ပြီး မီးမဖွင့်ထား​သောဧည့်ခန်းထဲတွင် မှိန်ဝါးဝါးအလင်း​ရောင်များကသာ အလင်းပြန်လျက်ရှိ၏။ အနှီမှိန်ပျပျအရိပ်များက နှစ်​ယောက်သားထက်သို့ ​ဝေရီ​ဝေဝါး​ပြေးလွှား​နေကြ​သေးသည်။

နှလုံးခုန်သံတို့ဟာလည်း ယခုထက်ထိတိုင်​အောင် ငြိမ်မကျသွား​သေး ၊ နှစ်​ယောက်သားက ​နေရာအသီးသီးခွဲထိုင်​နေကြသည်မှာ နာရီဝက်မျှရှိ​နေပြီးသည့်တိုင် နှလုံးအိမ်ထဲမှ​ရေအိုင်ငယ်​လေးမှာ​တော့ လှိုင်းတံပိုးထန်​နေဆဲဖြစ်၏။ နှစ်ဦးသားက အမူအရာလည်းတစ်ချက်မ​ပြောင်း ၊ လှုပ်လည်းမလှုပ်ကြပါဘဲနှင့် ရုပ်ရှင်ဇာတ်ကားကိုသာကြည့်​နေကြပြီး ရွှီကျစ်ကလည်း ဆိုဖာ​ပေါ်ပြန်​ရောက်​နေခဲ့သလို ချန်လုကျိုးသည်လည်း ​ခြေ​ထောက်နှစ်ဖက်ကို ခပ်ဟဟစွင့်ကားထားလျက်အတိုင်းရှိ​နေ၏။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now