Chapter 22 ( part 1 )

1K 136 22
                                    

​နောက်တစ်​နေ့တွင် ချန်လုကျိုးသည် ဗွီဒီယိုအင်တာဗျူးတစ်ခုရှိ​သော​ကြောင့် အ​မေဖြစ်သူက အိမ်ပြန်လာရန်လှမ်း​ခေါ်ထားသဖြင့် ​တောင်​အောက်ဆင်းဖို့ပြင်ဆင်ရသည်။ ​ကျောင်းအင်တာဗျူးအတွက်လိုအပ်သည့်အချက်အလက်များအားလုံးကို အိမ်၌ပြင်ဆင်ထားပြီးလည်းဖြစ်သည်။ မနက်​စော​စောထ၍ သွားတိုက်ပလုတ်ကျင်း​နေရင်း သူ့ဖုန်းထဲသို့ မက်​ဆေ့ဝင်ထား​ကြောင်းလှမ်းမြင်လိုက်ရာ အ​ပြေးဖွင့်ကြည့်စရာပင်မလိုဘဲ ရွှီကျစ်ထံမှ ​​ငွေလွှဲမက်​ဆေ့ဖြစ်မည်မှန်း အတပ်သိ​နေ​တော့၏။

တစ်ကိုယ်​ရေပြင်ဆင်ပြီး ဘတ်စ်ကား​ပေါ်​ရောက်သည့်အခါမှသာ လက်ကိုင်ဖုန်းအား ဖွင့်ကြည့်လိုက်သည်။

ရွှီကျစ်က ယွမ်နှစ်ရာ့ငါးဆယ့်တစ်ကျပ် လွှဲထား​လေသည်။

သူ ဆဲလိုက်တယ်လို့များ တကယ်ထင်သွားတာလား?....

ချန်လုကျိုးက အရက်ဘား၌ရှင်းထားသည့်ယွမ်ငါးရာတိတိ တစ်ကျပ်မလို၊တစ်ပြားမ​လျော့သည့် ကျသင့်​ငွေ​ပြေစာအား screenshot ရိုက်ပို့​ပေးလိုက်သည်။ တစ်ဖက်သားထံ ပို့​ပေးပြီးပြီးချင်း၌ပင် သူဟာ အ​တော်​လေးက​လေးဆန်သလိုဖြစ်​နေမှန်း သတိထားလိုက်မိသည့်အပြင် ဘာမဟုတ်တာ​လေးနှင့်ငြင်းခုန်​နေစရာအ​ကြောင်းမရှိသဖြင့် screenshot အား ပြန်ဖျက်ပြီး လက်ကိုင်ဖုန်းကိုအိတ်ကပ်ထဲထည့်ကာ ထပ်၍လည်းထုတ်မကြည့်​တော့၏။

မြို့ထဲသို့ဝင်လာပြီး​သော်ငြား ချန်လုကျိုးက မိသားစုဗီလာဆီသို့ အလျင်စလိုမပြန်​သေးဘဲ ငှားထားသည့်အ​ဆောင်ဘက်ဆီသို့ ခရီးတစ်​ထောက်အရင်ပြန်လိုက်သည်။ ​ရေအမြန်ချိုး ၊ အဝတ်အစားလဲပြီး​နောက်တွင်မှ လက်ကိုင်ဖုန်းယူ၍ မိသားစုဗီလာဘက်သို့ ခရီးဆက်ရန်ပြင်လိုက်၏။ တံ​တွေးမ​ထွေးရန် အသိ​ပေး​တောင်းဆိုထားသည့်စာရွက်ဖြူမှာ တံခါး​ထက်၌ကပ်ထားဆဲဖြစ်ပြီး အမှိုက်ပုံးထဲတွင်လည်း သန့်ရှင်း​နေ၏။ ကြည့်ရသည်မှာ ထိုဦး​လေးကြီးက ပြဿနာထပ်မရှာ​တော့ပုံရသည်။ ချန်လုကျိုးက အခန်းပြင်သို့ထွက်လာရင်း စာရွက်ဖြူကိုလည်းဆွဲဖြုတ်လုံး​ချေပြီး အမှိုက်ပုံးထဲသို့ပစ်ထည့်ခဲ့သည်။ အပြင်ဘက်တွင် အမျိုးသမီးလျန်​ဟွေ့ စီစဥ်​ပေးထားသည့်ယာဥ်​မောင်းဆရာလည်း ​ရောက်နှင့်​နေပြီဖြစ်သည်။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now