Chapter 55

1.1K 159 36
                                    

ချန်လုကျိုးမှာ ရုတ်ချည်း​ဆွံ့အကြောင်အမ်းသွားရ​တော့၏။ ဆိုဖာ​ပေါ်ဖိ၍ အနမ်းခံ​နေရသည့်လူမှာ မည်သို့မှမတုံ့ပြန်နိုင်​တော့ဘဲ အန္တရာယ်ကိုသတိမထားမိခြင်း​ကြောင့်ပဲလား သို့မှမဟုတ် ကြားလိုက်ရသည်ကိုမယုံကြည်ရဲခြင်း​ကြောင့်လား မသိ ၊ မ​နေနိုင်​အောင် ​မေးလိုက်မိသည်။

"ဘာဖြစ်တယ် ၊ မင်းက ဘာကိုကြည့်ချင်တာလဲ"

ရွှီ​ကျစ်သည် ခန္ဓာကိုယ်​ကောက်​ကြောင်းအ​ပေါ်လွင်ဆုံးအ​နေအထားဖြင့် ချန်လုကျိုး​ပေါ်သို့ တစ်ကိုယ်လုံးမှီထားလျက်ရှိပြီး ​ကောင်မ​လေး၏အချိုးအစားတို့မှာ ဖူးပွင့်စပြု​နေသည့်ပန်းတစ်ပွင့်နှယ် အနူးညံ့ဆုံး၊အထင်းသားဆုံးရှိ​နေသည်။ လက်နှစ်ဖက်လုံးက ဆိုဖာအ​နောက်မှီ​ပေါ်လှမ်း​ထောက်ပြီး တည့်တိုးဆန်လွန်းသည့်အကြည့်တို့မှာ သူ့​အောက်ပိုင်းဆီ​ရောက်​နေလျက်သား။

ချန်လုကျိုးမှာ ဤအ​နေအထားအတိုင်း ဆို​ဖာထက်၌ဖိခံထားရ​လေပြီး တစ်ခါမှမမြင်ခဲ့ဖူးသည့်​​ကောင်​မ​လေး၏​နောက်​ကျော​ကောက်​ကြောင်းတို့အား မြင်ဖူးလိုက်ရသလို သူမ၏ခန္ဓာကိုယ်အချိုးအစားက ဤမျှထိကြည့်​ကောင်း​နေမည်ဟုလည်း တစ်ခါမှမ​တွေးမိခဲ့ဖူး​။ သို့သည့်တိုင်​အောင် သူဟာ ​ပြောစရာစကားမဲ့၍ဆွံအ​နေဆဲ ;

"......"

ဒါက ငိုး အထက်တန်း​ကျောင်းသူကြည့်ရမယ့်ဟာမလို့လား။

"မင်း အထက်တန်း​ကျောင်းသူဆိုတာ​ရော ​သေ​ချာရဲ့လား"

ချန်လု​ကျိုးတစ်​ယောက် သူမအား ​ကောက်​ပွေ့၍ပစ်ထုတ်မိလုနီးနီး။

ရွှီကျစ်သည်လည်း ချန်လုကျိုး ဆတ်ဆတ်ထိမခံနိုင်သည့်အချက်ကိုမှ သွားဆွ​ချေ၏။

"စိတ်ဝင်စားဖို့ကိုမ​ကောင်းဘူး"

အသက်ရှူ​ငွေ့တို့တိုးဖျငြိမ်ကျသွားသည်နှင့်အတူ နှစ်​ယောက်သားက အ​နည်းနှင့်အများ အသိကပ်လာကြ၏။ ချန်လု​ကျိုးမှာ ရွှီကျစ်အား ဆွဲမ၍​ဘေးဖယ်လိုက်ပြီး အနမ်းလည်းမခံ​တော့သလို ​ပေါင်​ပေါ်ထိုင်ခွင့်လည်းမ​ပေး​တော့ ၊ ထို့အစား ​အေးတိ​အေးစက်အသံတို့ဖြင့် 'အင်း'တစ်ခွန်းဆိုလာသည်။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now