ရွှီကျစ် ဖုန်းခေါ်ဆိုမှုလက်ခံရသည့်အခိုက်မှာ ချန်လုကျိုးအိမ်ထဲတွင် စာအုပ်ဖတ်နေသည့်အချိန်ဖြစ်ပြီး မကြာခင် ကျောင်းပြန်ဖွင့်တော့မည်ဖြစ်၍လည်း နှစ်ယောက်သားဟာ စိတ်ရောကိုယ်ပါ တည်ငြိမ်အောင်ကြိုးစားခဲ့ကြပြီးဖြစ်သည်။
ဖုန်းလက်ခံဖြေဆိုပြီးလျှင်ပြီးချင်းမှာလည်း ချန်လုကျိုးကိုဆွဲခေါ်၍ ဆေးရုံသို့အမြန်ပြေးတော့၏။ ဆေးရုံသို့ရောက်ပြီးနောက် စောင့်ကြိုနေလေသည့်မြင်ကွင်းမှာကား ခြေထောက်ကိုယ်စီ ကျောက်ပတ်တီးစည်းထားကြသည့် ရွှီကွမ်းကျိနှင့်ဒါရိုက်တာဝေ၏သား ၊ ထိုနှစ်ယောက်၏အလယ်တွင်ထိုင်ပြီး လိမ္မော်သီးနွှာပေးနေသည့် ဒါရိုက်တာဝေ,တို့ပင် ဖြစ်၏။
လောင်ရွှီတစ်ယောက် ချန်လုကျိုးနှင့်ရွှီကျစ်တို့ကိုမြင်လိုက်သည့်အခါတွင်တော့ ပြုံးဖြီးဖြီးနှင့် နှုတ်ဆက်လာသည်။
"ရောက်လာကြပြီလား ၊ အတော်ပဲ လိမ္မော်သီးစားကြဦး ၊ လက်ထောက်ဆေးရုံအုပ်ချိုက် ဝယ်လာပေးသွားတာ ၊ ဗီယက်နမ်အသီးတွေတဲ့"
အေးအေးလူလူဖြစ်နေသည့်ပုံစံမှာ အပျော်ခရီးထွက်လာသည့်အလား။
ရွှီကျစ်နှင့်ချန်လုကျိုးမှာ အချင်းချင်းလှမ်းကြည့်မိလိုက်ကြကုန်ပြီး ဒါရိုက်တာဝေ,ကို နှုတ်ဆက်ရင်း အခန်းထဲလျှောက်ဝင်လာလိုက်သည်။ ရွှီကျစ်မှ လောင်ရွှီ၏တံတောင်ဆစ်ကို အသာလေးပင့်ယူကြည့်လိုက်ပြီး ခြေမျက်စိတစ်နေရာမှလွဲ အခြားခန္ဓာကိုယ်အစိတ်အပိုင်းများ ထိခိုက််မှုမရှိမှန်းတွေ့တော့မှသာ စကားဆိုလိုက်မိသည်။
"ဖေဖေ ဘယ်လိုဖြစ်ပြီးချော်လဲရပြန်တာလဲ ၊ ဖေဖေ ဦးခေါင်းပိုင်းဆေးစစ်တာတွေရာ လုပ်ကြည့်မလား ၊ ခဏခဏချော်လဲနေတာက ဦးနှောက်မှာ ပြဿနာတစ်ခုခုရှိနေလို့များလား"
ရွှီကွမ်းကျိက လိမ္မော်သီးတစ်စိတ်ကို ပါးစပ်ထဲထည့်ကာ စကားပြန်ပြောမည်အပြု ၊ ဒါရိုက်တာဝေမှ အရင်စကားဖြတ်ပြောလာခဲ့သည်။
YOU ARE READING
Lets Fall In Love [ ဘာသာပြန် ]
Romanceလမင်းကြီးဝိုင်းသည်ဖြစ်စေ မဝိုင်းတော့ဘူးဖြစ်စေ ဘာဟာကမှ အရေးမကြီးဘူး ကိုယ်တစ်ယောက်လုံး မင်းဘေးနားမှာရှိနေပေးမယ်~~~~