နှစ်ကြိမ်တိတိမိုးသည်းထန်စွာရွာပြီးနောက်တွင် S ပြည်နယ်၌ ရာသီဥတုအပူချိန်လျော့သွားသည်မှာ ယခင်နှစ်ထက်စောနေခဲ့ပြီး စက်တင်ဘာလအစပိုင်းမှာတင် အအေးဘက်သို့ကူးပြောင်းလာခဲ့သည်။ ရွှီကျစ်သည် စက်တင်ဘာလအစပိုင်းတွင်ပင် 'ချင့်ယီ'မြို့မှထွက်ခွာခဲ့ပြီး လောင်ချိုက်ကိုယ်တိုင် လေဆိပ်အထိ ကားဖြင့်လိုက်ပို့ပေးခဲ့၏။ ကားအနောက်ခန်းတွင် ချိုက်ယင်းယင်းနှင့်အတူထိုင်လာခဲ့ပြီး အရှေ့ခန်းမှလောင်ရွှီတစ်ယောက် စကားများလာခဲ့သည်မှာ တစ်လမ်းလုံးပေ။ လမ်းသွားလမ်းလာတစ်လျှောက်၌ 'အနွေးဓါတ်ကိုမလိုအပ် လှပကြည့်ကောင်းဖို့ရာသာလိုအပ်သည်'ဆိုသောဆောင်ပုဒ်ကို လက်ကိုင်စွဲပြီးဝတ်စားထားသည့်မိန်းကလေးများကိုတွေ့တိုင်း အနောက်ဘက်သို့လှည့်၍ ;
"သမီး ဟိုဒေသကိုရောက်ရင် ဒီကမိန်းကလေးတွေလို ဝတ်လို့မရဘူးနော် ၊ အဲ့ဒီဒေသက ဖေဖေတို့ဆီမှာထက်အေးတယ် ၊ ဆောင်းတွင်းဝင်တာနဲ့ ဂျင်းဘောင်းဘီအရှည်တွေပဲဝတ်"
လောင်ချိုက်သည်လည်း ဤအခြေအနေကိုအခွင့်ကောင်းယူ၍ ချိုက်ယင်းယင်းထံသို့ စကားဆိုလိုက်သည်။
"သမီးလည်းသတိထား ၊ စာသင်ချိန်အတန်းတွေကို ကောင်းကောင်းသွားတက် ၊ တစ်နေကုန်တစ်နေခမ်း မိတ်ကပ်ဘယ်လိုပြင်ရမလဲဆိုတာချည်း စမ်းမနေနဲ့"
ချိုက်ယင်းယင်းက ချက်ချင်းကိုလက်မခံချေဘဲ ရွှီကျစ်၏လက်မောင်းကိုဖက်၍ စကားဆိုသည်။
"မဟုတ်သေးပါဘူးနော် ၊ ဒါကတော့ ဖေဖေ့ကိုအပြစ်တင်ရမှာပဲ ၊ ဖေဖေသာ သမီးကို လှလှလေးမွေးပေးလာရင် မိတ်ကပ်တွေစမ်းနေစရာလိုပါ့မလား ၊ သမီးလည်း ရွှီကျစ်လိုမျိုးဆိုရင် နေ့တိုင်းမိတ်ကပ်မလိမ်းဘဲ အပြင်ထွက်ရင်တောင် လိုက်ကြိုက်မယ့်ကောင်လေးတွေအများကြီးရှိမှာပေါ့"
"ဘာဖြစ်တယ် ၊ အများကြီးဟုတ်လား"
လောင်ရွှီမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားရ၍ ;
"ဟိုတစ်ယောက်ပဲရှိတာ မဟုတ်ဘူးလား"
ချိုက်ယင်းယင်းက ခပ်ယိုင်ယိုင်တိုးသွားလိုက်ပြီး အသံတိုးတိုးလေးနှင့် ;
YOU ARE READING
Lets Fall In Love [ ဘာသာပြန် ]
Romanceလမင်းကြီးဝိုင်းသည်ဖြစ်စေ မဝိုင်းတော့ဘူးဖြစ်စေ ဘာဟာကမှ အရေးမကြီးဘူး ကိုယ်တစ်ယောက်လုံး မင်းဘေးနားမှာရှိနေပေးမယ်~~~~