Chapter 26 ( part 1 )

1K 134 17
                                    

ဤတစ်ကြိမ်တွင် ချန်လုကျိုးက အရင်ဦးစွာ စကားပြန်ဆိုလိုက်သည်။

"အဲ့ဒီ​တော့ မင်းက ငါနဲ့အတူတူ ပိုက်ဆံရှာကြည့်ချင်​သေးတာလား"

"ဒါ​ပေါ့ ၊ ငါတို့နှစ်​ယောက် ရည်ရွယ်ချက်ချင်းတူတယ်ဆိုတာမျိုးက ဘယ်​လောက်​တောင်မှရှားလဲ"

​နောက်ဆုံးတွင်​တော့ ရွှီကျစ် ​ပြောချင်​နေသည့်စကားများ​ပြောဆိုနိုင်​တော့မည့်အလှည့်သို့ ​ရောက်လာ​ချေပြီ။

"ငါ့မှာ အကြံ​ကောင်းတစ်ခုရှိတယ် ၊ နင် နား​ထောင်ကြည့်ပါလား"

ချန်လုကျိုးက ထိုင်ခုံအမြင့်​ပေါ်တွင်ထိုင်​နေသဖြင့်လည်း သူမထက် အနည်းငယ်ပိုမြင့်သလိုဖြစ်​နေ၏။ ရွှီကျစ်မှာ ယ​နေ့တွင်လည်း ဆံပင်တို့ကိုအ​ပြောင်သိမ်း၍ခပ်​မြှောက်​မြှောက်စည်းထားပြီး နားထင်စပ်​လေး၌သာ ဆံပင်​​မွေးတချို့အား ကပိုကရို​လေးချထားခြင်း​ကြောင့် နဖူးထက်မှ ​ချွေး​ပေါက်​လေးများပင် ထင်းရှင်းမြင်သာ​နေ​လေ၏။ လူတစ်​ယောက်လုံးက သပ်ရပ်၍ကြည်လင်​နေသည်မှာလည်း မလွဲမ​​သွေ။ ဤမျှထိ​မှေးမှိန်​မှောင်မိုက်​နေသည့်အလင်း​ရောင်​​အောက်၌ပင် သူမ၏မျက်လုံး​ထောင့်မှမျက်ရည်ခံမှည့်​လေးအား ချန်လုကျိုး မြင်မိ​အောင်မြင်သွားရ​​သောကြောင့် ကိုယ့်ကိုကိုယ်ပင် ထိတ်လန့်သွားရ​တော့သည်။ ​သေး​သေး​ကွေး​ကွေးနှင့်အညို​ဖျော့​ရောင်ရှိ​သောအစက်​လေးတစ်စက်ဟာ ဖ​​ယောင်းတိုင်မီး​ရောင်​အောက်တွင် အစက်အ​ပျောက်တစ်ခုသဖွယ် ၊ နှလုံးအိမ်ဖျားထက်မှ ​သွေးစက်​လေးတစ်စက်နှယ် ၊ လက်လှမ်းမမီနိုင်သည့်စိတ်ကူးယဥ်ပုံရိပ်တစ်ခုကဲ့သို့ တည်ရှိ​နေ​​လေသည်။

နှလုံးခုန်သံများ အတိုင်းအဆမရှိသိသိသာသာကို မြန်ဆန်လာသည့်အခိုက်တွင်​တော့ သူ၏အကြည့်တို့မှာ ​သဲလွန်စ​လေးမ​ပေါ်ဖို့ရာအတွက် အေးနိုင်သမျှ​အေးစက်တည်ငြိမ်ရင်း ရွှီကျစ်အား လှမ်းကြည့်​နေ၏။

"​ပြော"

"နင် blog ရိုက်တာကို သိတယ်မလား ၊ ငါ အထက်တန်းပထမနှစ်တုန်းက ပျင်းလို့ဆိုပြီး 'Golden House' မှာ ဆိုရှယ်အ​ကောင့်တစ်ခုဖွင့်ဖူးတယ် ၊ Golden House ကို​တော့ နင်သိတယ်မလား.....​နေ့စဥ်ဘဝအ​ကြောင်း​တွေကိုမျှ​ဝေတဲ့ အကြီးဆုံးဆိုရှယ်မီဒီယာပလက်​ဖောင်း​လေ ၊ အဲ့ဒီမှာဆို များ​သောအားဖြင့် ​နေ့စဥ်ဘဝမှာလုပ်ဖြစ်ကြတဲ့ကိစ္စ​လေး​တွေကို မျှ​ဝေတာကွာ ၊ ဟိုတ​​လောတုန်းက ယင်းယင်း ဆံပင်​ဆေးဆိုးတဲ့အချိန် ငါတို့  tutorial blog ​လေးရိုက်ထား​သေးတယ် ၊ ဒါ​ပေမယ့် မ​မျှော်​လင့်ထားတာ​လေးဖြစ်သွားတာ ၊ ယင်းယင်းက အစက နက်ပြာ​​ရောင်​ဆေးဆိုးချင်တာ.....ဘာဖြစ်သွားမှန်းမသိဘူး အစိမ်း​ရောင်ကြီးထွက်လာတယ်​လေ ၊ အဲ့ဒီဗွီဒီယိုအတို​လေးဆို အရမ်းလူသိများသွား​သေးတယ် ၊ ပလက်​ဖောင်း​ပေါ်မှာ click အ​ရေအတွက်​ရော Fan အ​ရေအတွက်ပါ သိသိသာသာကြီးတိုးလာ​တော့တာ ၊ ​နောက်​တော့ လူတချို့က ငါတို့ဆီကို ​ကြေညာရိုက်​ပေးဖို့ကမ်းလှမ်းလာတယ် ၊ ဒါ​ပေမယ့် ငါတို့က ​ကျောင်းသူ​တွေပဲရှိ​သေးတာဆို​​တော့ ​တွေ့ကရာ​ကြော်ငြာမျိုး​​ကို လက်ခံဖို့ကလည်းမရဲဘူးကွာ ၊ အဲ့ဒါနဲ့ ငါ​တွေးမိလိုက်တာက စတိုးဆိုင်​တွေထဲမှာ blog အတို​လေး​တွေ ရိုက်မလားလို့ ၊ အင်တာနက်​ပေါ်မှာနာမည်ကြီး​နေတဲ့ဆိုင်​တွေရယ်....​စျေးသက်သာတဲ့ဆိုင်​တွေရယ်....အဲ့လိုမျိုး အစုံ​ပေါ့ ၊ အဲ့ဒါ​ကြောင့်မလို့ ငါတို့ လို​နေတာက ဓါတ်ပုံဆရာတစ်​ယောက်......"

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now