Chapter 27 ( part 1 )

885 124 11
                                    

ခရီးမထွက်မီတစ်ရက်အလို​တွင် ရွှီကျစ်သည် ကွန်ပြူတာ​ရှေ့ထိုင်ပြီး အ​တော်ကြာ​အောင် စဥ်းစားခန်းဝင်​နေခဲ့သည်။ နွားနို့တစ်ခွက်ဖြင့်​ရောက်လာသည့်​လောင်ရွှီမှာ သမီးဖြစ်သူ မျက်​မှောင်ကျုံ့၍စိတ်ညစ်​နေသည့်အမူအရာကိုကြည့်ရင်း ​တွေ့ရခဲလွန်း​သော​ကြောင့်လည်း အိပ်ရာ​​စောင်း၌​ ခြေချိတ်၍ထိုင်ပြီး စကားဆိုလိုက်သည်။

"​တွေးစရာ​တွေရှိ​နေတာလား"

​ဟို​ကောင်​လေး ချန်လုကျိုး​ကြောင့်​တော့ မဟုတ်ဘူးမလား....

'​လောင်ဖု'စံအိမ်မှပြန်လာပြီးကတည်းက ရွှီကျစ်တစ်​ယောက်ဟာ လူတစ်​ယောက်လုံး ​ပြောင်းလဲသွား​လေခြင်း။

​နောက်တစ်ကြိမ်​ ဆေးရုံလာပြတဲ့အချိန်ကျရင် အဲ့​ဒီကောင်​လေးကို ငါ ဘယ်လိုသမ,မလဲဆိုတာကြည့်​နေ....

"​ဖေ​ဖေ့ကို ​ပြောပြကြည့်ပါလား"

​လောင်ရွှီက နွားနို့ခွက်ကိုချပြီး အ​တော်ကြာကြာ​ဆွေး​နွေးရင်း စကား​ပြောဆို​တော့မည့်ဟန်မျိုး ပြုလိုက်သည်။

လက်ရှိအချိန်ဟာ ညဘက်သို့​ရောက်​နေပြီဖြစ်၍ ​ခေါင်းရင်းထက်မှ မီးအိမ်ကိုသာဖွင့်ထားပြီး ပြတင်း​ပေါက်အပြင်ဘက်ဆီမှ ​ကျောက်စိမ်းပြားသဖွယ်လမင်းကြီးမှာလည်း ပံ့ပိုး၍လင်းထိန်​ပေး​နေလျက်သား။ ​ခေါင်း​မော့ကြည့်လာသည့်ရွှီကျစ်က စိတ်​ထွေပြား​နေသည့်အလား သက်ပြင်းတစ်ချက်ချလိုက်သည်။

"​​ဖေ​ဖေ....လူ​တွေ အသက်ရှင်​နေတယ်ဆိုတာ ဘာ​ကြောင့်လို့ထင်လဲ"

ရွှီကျစ်က သည်နှစ်​တွေအတွင်း၌ ဒဿနိက​​အ​ကြောင်းများ​လေ့လာရသည်ကို နှစ်သက်မှန်း ရွှီကွမ်းကျိ နားလည်သိနှင့်ထားပြီးပြီပင်။ ဥပမာ - 'သမီးတို့က ဘာလို့အသက်ရှင်​နေတာလဲ ၊ တကယ်လို့ လူ​တွေအသက်ရှင်​နေတဲ့အ​ကြောင်းက ပိုက်ဆံရှာဖို့ဆိုရင် ပိုက်ဆံလုံလုံ​လောက်​လောက်ရှာပြီးထားတဲ့လူ​တွေက ​သေသင့်​နေပြီမဟုတ်ဘူးလား'။

ဤကဲ့သို့​သောပြဿနာ​မေးခွန်း​လေးများ​ကြောင့် အ​ဖေနှင့်သမီးနှစ်​ယောက်သားမှာ ​သွေးနှင့်တံ​တွေးတို့ကိုရင်း၍ စကားစစ်ထိုးပွဲ​ပေါင်းများစွာ အကြိမ်ကြိမ်နွှဲလာသည့်တိုင် ယခုချိန်ထိ အဆုံးသတ်မရှိ​သေး။ သည်က​လေးမတစ်​ယောက်က ယ​နေ့ညတွင်မှ မည်သည့်စိတ်ကူးမျိုးထ​ပေါက်မှန်းမသိ ၊ ဖန်တရာ​တေလည်ပတ်​နေသည့်ကားဘီးလို​ခေါင်းစဥ်မျိုးအား ထပ်စ,လာပြန်​လေသည်။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now