Chapter 29 ( part 2 )

886 146 42
                                    

​နောက်တစ်​နေ့တွင် ချန်လုကျိုးမှ ရွှီကျစ်ကိုသွားကြိုရန်ပြင်ထားပါ​သော်လည်း သူမဘက်မှ ငြင်းဆန်လာခဲ့သည်။ လူသုံး​ယောက်အတူတကွထွက်လာကြမည်ဖြစ်​သော​ကြောင့် မည်သည့်အ​ရေးအ​ကြောင်းမှမဖြစ်နိုင်သဖြင့်လည်း ချန်လုကျိုး အတင်းကာ​ရောမပြု​တော့ဘဲ လိပ်စာ​ပေးပြီး ​ရောက်လာသည်နှင့်ဖုန်းဆက်ရန်မှာထားလိုက်သည်။

ထိုအခါတွင်မှ သူမထံ၌ ချန်လုကျိုး၏ဖုန်းနံပါတ်ရှိမ​နေမှန်း ရွှီကျစ် သတိထားမိ​တော့၏။ နှစ်​ယောက်သားက Wechat မှတဆင့်သာဆက်သွယ်​နေကြခြင်း။ ​နောက်တွင်​တော့ သတိ​ပေးစရာမလိုပါဘဲနှင့် ချန်လုကျိုးက ကိန်းဂဏာန်းနံပါတ်တစ်ခုအား အလိုတသိ​ပေးပို့လာ၏။

Cr : [ 1838991×××× ၊ ဖုန်းဆက်လိုက် ၊ Wechat ကမကြားရဘူး ]

ရွှီကျစ်က ဖုန်းနံပါတ်အားမှတ်ရင်း ခပ်တိုးတိုး​လေးလည်းရွတ်ဖတ်လိုက်သည်။ ကားအ​ရှေ့ခန်းတွင်ထိုင်​နေသည့်ဖုန်ကျင့်မှာ ရွှီကျစ်တို့နှစ်ဦးသားက မည်သူနှင့်သွား​တွေ့ကြမည်မှန်း သူ မသိ ၊ ဖုန်းနံပါတ်အားကြားလိုက်ရသည့်အချိန်တွင်​တော့ အနည်းငယ်ရင်းနှီးဖူးထားသလိုရှိ​နေ၏။ သို့​သော်လည်း မည်သူ့ဖုန်းနံပါတ်မှန်း သူ စဥ်းစားမရပြန်​ပါ​ပေ။ ဖုန်းနံပါတ်၏​နောက်ဆုံးဂဏာန်း​​လေးလုံးဟာ အစဥ်လိုက်နံပါတ်များဖြစ်၍ တစ်​နေရာရာ၌ကြားဖူးထားသည်မှာ​တော့ ​သေချာ​နေ၏။ ဤကဲ့သို့​သောဖုန်းနံပါတ်မျိုးဟာ အလွန်ကိုမှရှားပါးပြီး သူ ဆက်သွယ်​ရေးကုမ္ပဏီသို့သွား၍ နံပါတ်ထုတ်ယူစဥ်အခါကပင် မှတ်သားရခက်ခဲသည့်နံပါတ်မျိုးများသာထုတ်​ပေး​ချေသည်။

​လေ့ကျင့်​ရေးကွင်းသို့​ရောက်လာသည့်အချိန်တွင် ချန်လုကျိုးက အပြင်ဘက်ရှိပန်းခုံ​ဘေးနားတွင်ရပ်ပြီး အိတ်ကပ်ထဲလက်နှစ်ဖက်ထည့်၍ ရပ်​စောင့်​နေသည်။

ဖုန်ကျင့်မှာ ပန်းခုံ​ဘေးနားတွင်ရပ်​နေသည့်​သောက်​ချောကြီးအား ချက်ချင်းမမှတ်မိနိုင်​​သေးသော်ငြား ချန်လုကျိုးသည်​တော့ တစ်ဖက်လူကို မျက်မှန်းတန်းမိသွားပြီဖြစ်၏။ နှစ်ဦးသားက ​တွေ့ဆုံကြဖူးခြင်းမရှိသည့်တိုင် ကျူးယန်ချီ​ဖုန်းထဲမှ ဓါတ်ပုံများဖြင့်​သော်လည်း​ကောင်း ၊  Video called ဖြင့်​သော်လည်း​ကောင်း နှစ်ကြိမ်​တွေ့ဖူးကြ၏။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now