ကော်ရစ်တာထက်တွင် ရွှီကျစ်သည် လက်ကိုင်ဖုန်းမီးအလင်းရောင်ကိုဖွင့်ထားလျက်ရှိပြီး အနည်းငယ်အေးစက်သွားသည့်အခြေအနေနှင့်အတူ ချန်လုကျိုးသည်လည်း တံခါးဘောင်ဘက်သို့ပြန်မှီသွားခဲ့ပြီဖြစ်သည်။ သူ့လက်တစ်ဖက်ကလည်း တံခါးကိုဖိထားပြီး နောက်ထပ်တစ်ကြိမ် မပြောမဆိုတံခါးဖွင့်လာမည့်ဒဏ်မှ ကြိုတင်ကာကွယ်ထားသည်။ ကျန်လက်တစ်ဖက်က အထုပ်ကိုကိုင်ထားရင်းသာဖြစ်ပြီး ရွှီကျစ်အား အထဲဝင်လာရန်အတွက် ခေါ်ရကောင်းနိုးနိုးဖြင့် ချိတုံချတုံတွေဝေနေလေသည်။ အထဲရောက်ပြီးကာမှ ကျူးယန်ချီ လျှောက်မွှေမည်ကိုလည်းစိုးရသေး၏။
"အထဲဝင်ပြီး ကစားသွားချင်သေးလား"
ရွှီကျစ်က မေးလာ၏။
"ဘယ်သူတွေရှိတာလဲ"
ချန်လုကျိုး ;
"မင်း သိတဲ့လူတွေပါပဲ ၊ ဖုန်ကျင့် ကျူးယန်ချီ ပြီးတော့ စုံတွဲတစ်တွဲ ၊ မင်း သူတို့တွေကို ဂရုမစိုက်လည်းရတယ်"
သိပ်မကောင်းသည့်အတွက် ရွှီကျစ်က ဆိုလိုက်သည်။
"ထားလိုက်ပါတော့ ၊ ငါ ပြန်ပဲပြန်လိုက်တော့မယ်"
ချန်လုကျိုးက အတင်းကာရောမဆို ၊ တစ်ချက်ပြုံးရုံသာပြုံး၍ ;
"မင်းသဘော ၊ ငါက အထဲဝင်ပြီး လက်တော့ပ်ထဲကနေ မင်းအတွက် မေဂျာတွေကြည့်ပေးရင်ကောင်းမလားလို့"
"ဒါဆို အထဲဝင်ကြမယ်လေ"
ချန်လုကျိုးက ခန္ဓာကိုယ်ကိုမတ်လိုက်ပြီး လက်ဗွေရာဖြင့်တံခါးဖွင့်လိုက်ရင်း တံခါးဖွင့်နေသည့်တစ်လျှောက်လုံးလည်း ရွှီကျစ်ကိုသာကြည့်နေပြီး လက်ဗွေရာစနစ်ကိုပင်မကြည့် ၊ မနှေးမမြန်ဖြင့် အမေးပြုလာသည်။
" 'လင်း'မြို့မှာတုန်းက မင်း ငါ့ကိုစောင့်နေသေးတယ်မလား"
ရွှီကျစ်က ရုတ်တရက်မေးလာလိမ့်မည်ဟု မထင်မှတ်ထားမိသော်လည်း မဖုံးကွယ်ထားလျက်နှင့်ပင် တိုက်ရိုက်ဖြေလာ၏။
"အင်း ၊ နင် ငါ့ကို 'သန္ဓေအောင်စေတဲ့ကွမ်ရင်'ဆီ လိမ်ပြီးသွားခိုင်းတာမလို့ နင်နဲ့စာရင်းရှင်းဖို့ပြင်ထားတာလေ မရဘူးလား"
YOU ARE READING
Lets Fall In Love [ ဘာသာပြန် ]
Romanceလမင်းကြီးဝိုင်းသည်ဖြစ်စေ မဝိုင်းတော့ဘူးဖြစ်စေ ဘာဟာကမှ အရေးမကြီးဘူး ကိုယ်တစ်ယောက်လုံး မင်းဘေးနားမှာရှိနေပေးမယ်~~~~