Chapter 69

1K 166 19
                                    

ဝမ်​လောင်ရှစ်သင်ကြား​ပေးသည်မှာ အဆင့်မြင့်သင်္ချာသင်ခန်းစာများဖြစ်ပြီး အခြား​သော​မေဂျာဌာနများနှင့်ယှဥ်လျှင် Experimental humunities ​​မေဂျာနှင့် ဗိသုကာ​မေဂျာတို့၏ အဆင့်မြင့်သင်္ချာသင်ရိုးက အနည်းငယ်လွယ်ကူ​သေးသည်ဟုဆိုရမည်။ သို့​သော် အရိုးရှင်းဆုံးပုစ္ဆာကပင် အသစ်အဆန်းဖြစ်​နေကြရသည်။ တစ်ချိန်တစ်ခါက သင်္ချာထူးချွန်ဆုရထားဖူးသည့် ချန်လုကျိုးအတွက်ပင်လျှင် 'မ​နေ့ကရဲ့အမျိုးမျိုး​သော​တွေက မ​နေ့ကရဲ့​သေဆုံးခြင်း​တွေသာ'ဟူ​သောစကားပုံအတိုင်း ဖြစ်​ကောင်းဖြစ်​​နေနိုင်​လောက်၏။ ထို့အပြင် တစ်လ​ကျော်မက ​ကျောင်း​နောက်ကျထား​သေး​သော​ကြောင့် 'ယ​နေ့ရဲ့အမျိုးမျိုး​သော​တွေအတွက် သူ ​မွေးဖွားချင်တိုင်း ​မွေးဖွားနိုင်မည်မဟုတ်'၏။

[ T/N ;  မူရင်း - မ​နေ့ကရဲ့​အမျိုးမျိုး​သော​တွေဟာ မ​နေ့ကရဲ့​သေဆုံးခြင်း​တွေသာဖြစ်ပြီး ၊ ယ​နေ့ရဲ့အမျိုးမျိုး​သော​တွေက​တော့ ယ​နေ့ရဲ့​မွေးဖွားလာခြင်း​တွေပါပဲ ]

မနက်ခင်းအချိန်ဇယားတွင် အတန်းချိန်နှစ်ချိန်ရှိပြီး ဝမ်​လောင်ရှစ်အတန်းက ဒုတိယတစ်ချိန်။ ရွှီကျစ်တစ်​ယောက်ဟာ ဝမ်​လောင်ရှစ်အတန်းချိန်​ရောက်လာဖို့အ​ရေးကို တစ်ခါမှ ​မျှော်လင့်တစားမဖြစ်ဖူး​သော​ကြောင့် ယခုလက်ရှိစိတ်လှုပ်တရှားဖြစ်​နေပုံအား ရွှီကုန်းကျုပင် သတိထားမိ​လေသည်။

"ဒါက ဘယ်လိုဖြစ်​နေတာလဲဟင် ၊ စိတ်တက်ကြွ​ဆေး​တွေဘာ​တွေ စားတာ​တော့မဟုတ်ဘူးမလား"

ရွှီကျစ်က ခပ်ပြုံးပြုံးဖြစ်သွားသည့်တိုင် စကားပြန်မ​ဆိုဘဲ အသံတိတ်ဖြင့် မှတ်စုချ​ရေး​နေ၏။ တစ်ခဏ​နေလျှင်​တွေ့ရ​လောက်မည့် ​အူ​ကြောင်​ကြောင်ဖြစ်​နေ​လောက်မည့်ချန်လုကျိုး၏အမူအရာကို ကြိုတင်​တွေးကြည့်ရင်း စိတ်ထဲ၌မြူးထူးလာသည်မှာ ​ကွေးတက်​နေသည့်နှုတ်ခမ်း​ထောင့်စွန်းတို့ကိုပင် မရပ်တန့်နိုင်။ ထိုစဥ် အိတ်ကပ်ထဲမှ ဖုန်းတုန်ခါသံတစ်ချက်မြည်လာခဲ့သည်။

Cr : [ ​သေ​သေချာချာစဥ်းစားကြည့်လိုက်​တော့ ငါ ခုဏတုန်းက စိတ်​လောပြီးသ​ဘောတူမိသွားတာပဲ ၊ ခဏ​နေကျရင် သပ်သပ်စီပဲခွဲထိုင်ရ​အောင် ၊ ငါ အရှက်ကွဲမခံနိုင်ဘူး ]

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now