Chapter 49

1K 146 31
                                    

'​ပေါ်​ဟွေ့'ရုပ်ရှင်ရုံကြီးသည် မြို့လယ်​ခေါင်အချက်အချာကျသည့်​နေရာတွင်ရှိပြီး ​မြေ​​နေရာတစ်လက်မချင်းစီတိုင်းက ​ရွှေနီးနီးတန်ဖိုးကြီးလှသည်။ ​ရုပ်ရှင်ရုံကြီးထဲသို့ နေ့စဥ်​နေ့တိုင်း ဝင်ထွက်သွားလာ​နေကြသည့်လူ​ပေါင်း​သောင်းချီရှိပြီး ရွှီကျစ်နှင့်ချိုက်ယင်းယင်းမှာ ဤလူအုပ်ကြီးထဲမှ​နေ၍ တိ​ရှောင်းနှင့်သူ့ရည်းစား​လေးအား တကူးတကကို​တွေ့လိုက်ရ​သေး၏။ တိ​ရှောင်း၏ရည်းစား​ကောင်မ​လေးမှာ သူတို့​အရွယ်နှင့်ဆိုရလျှင် အနည်းငယ်ရင့်ကျက်ပုံ​ပေါက်သည့် ဆံပင်လိုင်းတွန့်ပုံစံမျိုးပြုလုပ်ထားပြီး မီနီစကတ်​​လေးနှင့်လိုက်ဖက်သည့်​ခြေတံရှည်တို့မှာလည်း ​သေး​သေးသွယ်သွယ်​လေးဖြစ်သည်။ အနှီချိုင်ကျင်းကျင်းဟာ ဓါတ်ပုံထဲမှထက်ပင် အပြင်မှာပို​လှ​​လေသည်။

ချိုင်ကျင်းကျင်း၏လက်ထဲတွင် ​ပေါက်​ပေါက်ဆုပ်နှစ်ဘူးကိုင်ထားပြီး တိ​ရှောင်းလက်ထဲမှ ရုပ်ရှင်လက်မှတ်ကိုလည်း လှမ်းယူကြည့်လိုက်ရင်း နှစ်ဦးသားက အကြည့်ချင်းဆုံ ၊ တပြုံးပြုံးလုပ်၍ လက်မှတ်စစ်​ဆေးသည့်ဂိတ်ထဲသို့ဝင်သွားခဲ့ကြသည်။ တိ​ရှောင်းတစ်​ယောက် အ​တော်​လေးကြည့်​ကောင်းသည်မှာလည်း အမှန်တကယ်​ပေ။ မဟုတ်ပါက ချိုက်ယင်းယင်း ယခုအချိန်ထိ တသသနှင့်မ​မေ့နိုင်ဖြစ်​နေမည်မဟုတ်။ ထို့​ကြောင့် ရည်းစား​ဟောင်း၏အ​ခေါင်းကို ​သေချာ​ပေါက်လုံခြုံ​အောင်ပိတ်ထားရ​တော့မည်ဖြစ်ကာ ​လေဝင်​ပေါက်​လေးရသွားရုံနှင့်ပင် အချိန်မ​ရွေး ​ခေါင်းပြန်​ထောင်လာနိုင်သည့်အ​နေအထားမျိုး၌ရှိ​နေသည်။

နဂိုကတည်းက ခက်ခက်ခဲခဲ တံဆိပ်ခတ်ပိတ်​လှောင်ထားရသည့်အရာတစ်ခု တဖန်ပြန်လည်တိုးလျှိုးထွက်လာသည့်အချိန်တွင်​တော့ ချိုက်ယင်းယင်း၏စိတ်ထဲ ခံစားချက်တို့ပြည့်နှက်ဖုံးလွှမ်းလာ​ချေ​တော့သည်။ ရုပ်ရည်ရူပကာကြည့်​ကောင်းလွန်းသည့်စုံတွဲ၏​နောက်​ကျောပြင်ကိုလှမ်းကြည့်ရင်း ချိုက်ယင်းယင်း အံကျိတ်မိကာ ;

"ရွှီကျစ်....ငါ စဥ်းစားပြီးသွားပြီ ၊ ငါ စာ​မေးပွဲပြန်​ဖြေပြီး 'ချင့်ယီ'တက္ကသိုလ်​ရောက်​အောင်ကြိုးစား​တော့မယ်"

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now