ရွှေကြိုးတစ်ချောင်းအား သက်ဆိုင်ရာရပ်ကွက်ရုံးသို့ လွှဲပြောင်းပေးပြီးသည်နှင့် ရွှီကျစ်သည် ကျေးဇူးတင်သည့်အနေဖြင့် အားလုံးကို ညလယ်စာဝယ်ကျွေးချင်ကြောင်း စကားကမ်းလှမ်းလာခဲ့သည်။
ချိုက်ယင်းယင်းက အားတက်တရော ပါဝင်အားဖြည့်လာ၏။
"ဟုတ်တယ်ဆို ဟုတ်တယ်ဆို ၊ ဒီအနီးအနားက ညမိုးချုပ်တဲ့အထိဖွင့်တတ်တဲ့ဆိုင်ကို ငါ သိတယ် ၊ အရမ်းစားကောင်းတာမျိုးမဟုတ်ပေမယ့် သန့်ရှင်းသပ်ရပ်မှုကတော့ ကြယ်ငါးပွင့်အဆင့်နော် ၊ ဒီညအတွက် နင်တို့ကို အရမ်းကျေးဇူးတင်မိလို့ပါ ၊ အဲ့ဒီဆွဲကြိုးက ငါ့သူငယ်ချင်းအတွက် အရမ်းအရမ်းကိုအရေးပါတာ"
ကျူးယန်ချီ ; "ကောင်းပြီလေ"
ချန်လုကျိုး ;
"ငါတော့ ခေါက်ဆွဲပြုတ်ပဲစားလိုက်တော့မယ်"
ချိုက်ယင်းယင်း၏မျက်နှာက ချက်ချင်းပင် ညှိုးကျသွားခဲ့၏။ ထင်ထားသည့်အတိုင်း အစ်ကိုချောလေးက ငြိကြည့်ဖို့ရာမလွယ်ချေ။ သို့သည်တိုင် လက်မလျော့တမ်း ဖြည့်စွက်၍စကားထပ်ဆိုလိုက်သည်။
"မဟုတ်သေးပါဘူးနော် ၊ ဘာဖြစ်လို့ မျက်နှာသာလေးတောင် မပေးချင်ရတာလဲ ၊ ညလယ်စာလေးစားတာ ဘာဖြစ်သွားမှာမလို့လဲ ၊ ငါတို့နှစ်ယောက် နင့်ကိုနှောင့်ယှက်မှာကြောက်လို့လား ၊ ငါတို့နှစ်ယောက်လုံးမှာ ကောင်လေးရှိပါတယ်နော်"
"အာ....နှစ်ယောက်လုံး....ရည်းစားရှိကြတာလား"
ဤတစ်ခွန်းတွင်တော့ တုတ်ရှည်ကြီးဆက်ပေးလာသည့်ကျူးယန်ချီ မသွားချင်ပါတော့ပေ။
ရွှီကျစ်က ချိုက်ယင်းယင်းအား သိသိသာသာလှမ်းကြည့်လိုက်ပါသော်ငြား ချိုက်ယင်းယင်းမှာ လေယူလေသိမ်းမှန်မှန်ဖြင့် စကားဆိုနေလေသည်။
"နင်တို့က ငါတို့ကို ဒီလောက်အကြီးကြီးထိ ကူညီပေးခဲ့တာလေ ၊ နင်ဆိုရင် နင့်အရုပ်ကဟာတွေတောင်မှ ဖြုတ်ပေးလာရတာမလား ၊ ငါတို့ကလည်း နင်တို့အပေါ် ကျေးဇူးကြွေးတင်နေမျိုး မဖြစ်ချင်ပြန်ဘူးလေ ၊ စိတ်ရင်းသန့်သန့်နဲ့ ကျေးဇူးတင်ချင်တာပါနော်....အဲ့လောက်ထိ တွေးပစ်စရာမလိုပါဘူး"
YOU ARE READING
Lets Fall In Love [ ဘာသာပြန် ]
Romanceလမင်းကြီးဝိုင်းသည်ဖြစ်စေ မဝိုင်းတော့ဘူးဖြစ်စေ ဘာဟာကမှ အရေးမကြီးဘူး ကိုယ်တစ်ယောက်လုံး မင်းဘေးနားမှာရှိနေပေးမယ်~~~~