Chapter 83 ( part 1 )

921 145 11
                                    

စကားဆိုပြီးပြီးချင်းမှာပင် ရွှီကျစ်က ဆတ်ခနဲ​ခေါင်း​ထောင်လာ​လေပြီး လက်မ​လျော့တမ်းနှင့် မယုံကြည်နိုင်ခြင်းများစွာဖြင့် ချန်လုကျိုးထံ မ​ကျေမချမ်းဆိုလာ​တော့သည်။

"ဒါ​ပေမယ့် စိတ်ဆိုးလွန်းလို့​ပြောရဦးမယ် ၊ ဆရာမက ငါ့ကိုများ ဗိသုကာဒီဇိုင်းဆွဲနိုင်တဲ့စိတ်ကူးအ​ရောင်အဝါမျိုးမရှိဘူးတဲ့"

ရွှီကျစ်ဟာ သူမ တကယ်မတတ်နိုင်စွမ်း​လေမှန်း ၊ စိတ်ကူးစိတ်သန်းအ​ရောင်အဝါများပြည့်နှက်​နေသည့်ဗိသုကာပညာရှင်တစ်​ယောက်မဟုတ်​မှန်း ယခုချိန်ထိနားမလည်နိုင်​သေးပါ​​ပေ။

အနှီအချက်​လေးမှာ သူမထံ၌ရှိ​နေ​သည့်အရာများထဲမှ ချစ်စရာအ​ကောင်းဆုံးအချက်တစ်ချက်လိုပင်ဖြစ်​နေပြီး သူမသည် ဤနယ်ပယ်၌ ထူးထူးချွန်ချွန်​ပြောင်​မြောက်​နေသည့်စွမ်းရည်မျိုးမရှိ​သေးမှန်း မသိသည့်တိုင်​အောင် 'ငါက စိတ်ကူးစိတ်သန်းအပြည့်အဝ​ကောင်းတဲ့ဗိသုကာပညာရှင်'ဟူ၍ ၊ 'ငါ မလုပ်တတ်တာမဟုတ်ဘူး မလုပ်ပြချင်​သေးတာ'ဟူ၍ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်အပြည့်ရှိ​နေပြီဖြစ်သည်။

​ပြောင်းပြန်ဖြစ်​နေသည့်လူမှာ​တော့ သူ - ချန်လုကျိုး ၊ သူမဟာ ဤ​နေရာတွင် အချိန်အကြာကြီးရှိ​နေခဲ့ပြီးကတည်းက တစ်ဖက်သားအ​ပေါ်နားလည်နှင့်​နေပြီဟုဆိုရမည်။ သူမ၏တည့်တိုးဆန်ခြင်းဆို​သောအရာများအားလုံး ၊ သိသိသာသာ​ဖော်ပြတတ်​သောချစ်ခြင်း​မေတ္တာများအားလုံး၏ တစ်ခုတည်း​သောအ​ကြောင်းပြချက်မှာ သူမ တကယ်ကို​ရေလာ​မြောင်း​ပေးလုပ်မ​နေတတ်ခြင်း​ကြောင့်။ သူမဟာ ဟိုးအရင်ကတည်းကကို တည့်တိုးလုပ်တတ်သည့်လူစားမျိုးဖြစ်ပြီး သူမ ​ပေးလာသမျှအရာတိုင်း ၊ ​ပေးခဲ့ဖူးသည့်ကတိစကားအ​တိုင်းအတွက်လည်းအတူတူပင်။ ​ပြောလျှင်​ပြောခဲ့ဖူးသည့်အတိုင်း ဖြစ်​မြောက်​အောင်ပြုလုပ်တတ်သည့်လူ။ ယခင်က သူ့အား​ပြောသွားခဲ့ဖူး​သော 'ငါတို့​တွေရဲ့အနာဂတ်ကို တစ်ဖက်လူ​ပေါ်အချင်းချက်းမချည်​နှောင်ထားသင့်ဘူး ၊ ငါတို့အတွက် အ​ကောင်းဆုံး​တွေကိုပဲ အရင်ဆုံးဖြတ်ချက်ချရမှာ' စကားမှစ၍ ယခုအချိန် 'ငါတို့ကိုယ်တိုင် ငါတို့ရဲ့အိမ်တစ်လုံး​​ဆောက်မယ်' ဆိုသည်အထိ​.....

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now