Chapter 7

1.1K 123 1
                                    

"ကျွမ်းကျင့်အဆင့်....တကယ်ကို ကျွမ်းကျင်အဆင့်ကြီးကွ"

ကျူးယန်ချီသည် လုံးဝ​သေချာ​နေသည့်ဟန်တို့ဖြင့် စကားဆိုလာသည် ;

"သူသာ ဆရာမကြီးအဆင့် မဟုတ်ခဲ့ဘူးဆိုရင်....ငါ ကျူးယန်ချီ ဒီ​နေ့ဒီချိန်ကစပြီး နာမည်ကို ယန်ချီကျူးလို့​ပြောင်းပစ်မယ်"

ကျူးယန်ချီ၏အမည်မှာ သူတို့မိသားစုမှ အဘိုးဖြစ်သူကိုယ်တိုင်မှည့်​ပေးထားသည့် နာမည်ဖြစ်ပြီး 'ယန်'စကားလုံးမှာ '​လေးစားအားကျခံရသည်'ဟူ​သောအဓိပ္ပါယ်။ ​နောက်ပိုင်း မူလတန်းအရွယ်၌ အင်္ဂလိပ်စာသင်ယူရသည့်အခါ အင်္ဂလိပ်နာမည်များတွင် မျိုးရိုးနာမည်အား အ​နောက်ဘက်၌ထားရ​ကြောင်း သင်ယူလာရသည်။ သို့နှင့် သူငယ်ချင်းများက သူ့အား 'ယန်ချီကျူး'(အ​နောက်တိုင်းဝက်)ဟု အ​ပြောင်အပျက်ဝိုင်း​ခေါ်ကြရာ ထိုတစ်​နေ့က သူ အကြီးအကျယ်​အော်ငိုပြီး အိမ်​ပြန်​ရောက်သည်နှင့် နာမည်​ပြောင်း​ပေးရန် ပူဆာ​တော့သည်။ ထိုအချိန်တုန်းက အဘိုးဖြစ်သူသည် မာ​ကျောက်ကစားခုံ​ပေါ်ရှိ ​လေးဖက်​လေးတန်မှကစားသမားများအားလုံးကို အနိုင်ယူ​နေသည်ဖြစ်ရာ မာ​ကျောက်တုံးတစ်ခုကို ​မြှောက်ယူပြီး လက်ခုပ်လက်ဝါးတီး၍ ​အော်ရယ်ပါ​တော့သည်။

"​ကောင်းလိုက်တာကွာ! ​ကောင်းလိုက်တာကွာ!"

ထိုအချိန်တုန်းက အသက်ငါးနှစ်​ခြောက်နှစ်အရွယ်​လေး ကျူးယန်ချီသည်​တော့ အဘိုးဖြစ်သူက မာ​ကျောက်ကစားကွက်​ကောင်းကြောင်းပြော​သွားနေသည်ဟု မ​တွေးနိုင်ခဲ့ဘဲ သူ့သူငယ်ချင်းများ အ​ပြောင်အပျက်ဝိုင်း​ခေါ်ကြသည့်နာမည်အား ​'ကောင်းလိုက်တာကွာ'ဟု ​ပြောဆိုသည်ဟုသာထင်မှတ်ခဲ့ပြီး ​အော်ကြီးဟစ်ကျယ်​အော်ငိုခဲ့သည်။ အသက်ငယ်ငယ်​​လေးကတည်းက နက်နက်ရှိုင်းရှိုင်း အသိတရားရသွားခဲ့သည်မှာလည်း - 'လူ့​လောကကြီးမှာ အ​ကြောင်းကိစ္စဆယ်ခုရှိရင် ကိုးခု​လောက်က စိတ်တိုင်းမကျ​နေတာမျိုးဖြစ်နိုင်တယ် ၊ ဒါ​ပေမယ့် တစ်ဖက်သားကို​ ပြောပြလို့ရတာမျိုးက​တော့ တစ်ခု နှစ်ခု​လောက်ပဲရှိမယ် ၊ အထူးသဖြင့် နာမည်​ပြောင်​တွေလိုမျိုး​ပေါ့'။ ထို့​ကြောင့် ကျူးယန်ချီသည် 'ယန်ချီကျူး'ဆိုသည့်နာမည်​ပြောင်အား အ​တော်ကြီးကိုမုန်းတီး​လေသည်။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now