Chapter 65 ( part 2 )

924 162 16
                                    

ဤသို့​တွေးကြည့်လိုက်မိပြီးသည်နှင့် ရွှီကျစ်သည် အောက်ထပ်ဆင်း၍ တစ်ဖက်သားကို ရှင်းရှင်းလင်းလင်းပြော​တော့မည်အပြုတွင် စီနီယာအစ်မတုက ထို​ကောင်​လေးအား ​ဘေးတစ်ဖက်သို့​ခေါ်သွား၍ စကား​ပြောဆို​နေသည့်မြင်ကွင်းအား မြင်လိုက်ရ​တော့၏။ သိပ်မကြာလိုက်ပါဘဲနှင့် ထို​ကောင်​လေးက ပစ္စည်းများသိမ်း၍ထွက်သွား​လေ​တော့သည်။

စီနီယာအစ်မပြန်​ရောက်လာသည့်အချိန်တွင်​တော့ မျက်နှာmaskကပ်​နေသည့် ရွှီကုန်းကျုက လက်​ချောင်းနှင့်ရေတွက်ပြရင်းဖြင့် မ​နေနိုင်​အောင်စကားဆိုလာ၏။

"ငါ ​ရေကြည့်ထားတာ​လေ ၊ ​ကျောင်းဖွင့်တဲ့အချိန်ကစပြီး အခုထိဆိုရင် နင့်ကိုလိုက်တဲ့သူ လေးငါး​ခြောက်​ယောက်​လောက်​တောင်ရှိ​နေပြီ ၊ မိန်းမလှ​လေးရွှီ.....နင် တစ်​ယောက်မှကို သ​ဘောမကျမိ​သေးတာလား"

လက်ရှိအချိန်၌ ရွှီကျစ်သည် ဖုန်းအားသွင်းဖို့ရာအတွက် အားသွင်းကြိုးရှာ​နေခြင်းဖြစ်ပြီး ​တော်​တော်ကြာကြာ​မွှေ​နှောက်ရှာပြီးသည့်အခါတွင်မှ စာ​ရေးခုံ​​အ​နောက်ဘက်ထဲ ညှပ်နေ​ကြောင်း​တွေ့သွားခဲ့သည်။ သို့နှင့် အားသွင်းကြိုးနှိုက်ယူရန်အတွက် ခန္ဓာကိုယ်ကိုင်းလိုက်​ရာ ​ကောက်​ကြောင်းအချိုးအစားတို့က သိသိသာသာထင်းသွားခဲ့ပြီး အ​ရှေ့ပိုင်းတစ်​နေရာနှင့်အ​နောက်ပိုင်းတစ်​နေရာတို့ဟာလည်း တင်းရင်းလုံးဝန်း​နေ​၏။ လက်​မောင်းတစ်ဖက်က စာ​ရေးခုံကိုအားပြု​ထောက်ထားပြီး ကျန်တစ်ဖက်က စာ​ရေးခုံအ​နောက်သို့လှမ်းနှိုက်ရင်း စကားဆိုလိုက်သည်။

"တကယ်မရှိဘူး ၊ ငါ ရည်းစားထားဖို့လည်း အစီအစဥ်မရှိဘူး"

ရွှီကုန်းကျုသည် Mask ကပ်​နေရင်း ​အလှကြည့်မှန်မှတဆင့် အနှီအပြစ်တင်စရာမရှိသည့်ခန္ဓာကိုယ်အချိုးအစားကိုလှမ်းကြည့်ပြီး စကားဆို၏။

"ကျန်းယွီကို​ရော နင် မျက်လုံးထဲမတိုးဘူးလား ၊ အရင်တစ်​ခေါက်တုန်းက ကန်တင်းမှာထမင်းစားတဲ့အချိန် သူ နင့်မျက်နှာချင်းဆိုင်မှာလာထိုင်​ဖူးတာကို မှတ်မိ​သေးတယ်မလား ၊ ငါ့အထင်​တော့ စီနီယာအစ်မတုကသာ ကျန်းယွီကို ပုဂ္ဂိုလ်​ရေးအရ မကြိုက်တာဖြစ်လိမ့်မယ် ၊ သူတို့​မေဂျာမှာဖြင့် ကျန်းယွီက ​​​သေချာ​ပေါက် ​မေဂျာ King မှန်းအသိသာကြီး ၊ ဗွီဒီယိုအတို​လေး​တွေနဲ့​ အရမ်းနာမည်ကြီးထားဖူးတုန်းကဆိုရင် ဟိုတစ်​လောကမှပွဲဦးထွက်လာတဲ့သရုပ်​ဆောင်မင်းသားနဲ့​တောင် တူ​တယ်​​ပြောကြ​သေးတာလေ"

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now