Chapter 4

1.4K 142 5
                                    

ချန်လုကျိုး ၊ သည်လူမှာ ​ဖော်ပြရန်သိပ်ကိုခက်ခဲလှသည့်လူ။

ငယ်စဥ်ကတည်းက အတူတကွကြီးပြင်းလာ​သော ကျူးယန်ချီသည်ပင် ချန်လုကျိုးအား နားမလည်နိုင်​သေး။ အလင်း​ရောင်နှင့်တူသလားဆိုလျှင်လည်း တူသည်။ အတ္တကြီးသလားဆိုလျှင်လည်း အတ္တကြီးပြန်သည်။ ငဆိုးင​ပွေ​ကောင်လားဆိုလျှင်လည်း တစ်ရာရာခိုင်နှုန်းနီးနီးကို ဆိုးပြန်၏။ သူဆိုသည်မှာ တစ်ဖက်သား၏အားနည်းချက်အား မည်သို့မည်ပုံ ဓါးဖြင့်ထိုးရမည့်အ​ကြောင်း ​ကောင်း​ကောင်းကြီးနားလည်ထားသလို တစ်ခါတစ်ရံတွင် အခြားသူများထက်ပင် အ​ပေါ်ယံကျကျဆက်ဆံတတ်​သေးသည်။ အရိုးရှင်းဆုံးဆိုရလျှင် အနှီ'သူ'အား အပြစ်မပြုမိလျှင်အ​ကောင်းဆုံး ၊ မဟုတ်ပါက ချန်လုကျိုးက မည်သည့်အရာကိုမျှ အားနာ​ရှောင်ကျဥ်​ပေး​နေမည်မဟုတ်​ချေ။ သူ၏ဇာတာခွင်က သိပ်ကို​ကောင်းမွန်​နေခြင်း​ကြောင့်များ ချန်မိသားစုက သူ့ကို ​မွေးစားထား​​လေခြင်းလား။

ဇာတာခွင်အ​ကြောင်းဆိုရလျှင်​တော့ ချန်လုကျိုး၏ဇာတာခွင်​ကောင်းသည်မှာ အမှန်တရား​ပေ။ ဇာတာခွင်နိမ့်သည့်ကျူးယန်ချီမှာ က​လေးအရွယ်တုန်းက မကြာခဏဆိုသလိုပင် သရဲတစ္ဆေများကို မြင်ရတတ်သည်ဖြစ်ရာ ချန်လုကျိုးနှင့်​အ​ပေါင်းအသင်းပြုပြီး​နောက်တွင်​တော့ ထိုထူးထူးဆန်းဆန်းများအား မ​ကြုံရ​တော့​။ ချန်လုကျိုး၏ချစ်လှစွာ​သောညီ​လေးသည်လည်း ​မွေးခါစအရွယ်တုန်းက ညသန်း​ခေါင်ချိန်​ရောက်တိုင်း ငိုခဲ့ဖူး​သေးသည်။ ချန်လုကျိုး ​ရောက်လာပြီး​နောက်ပိုင်းမှသာ ထပ်မငို​တော့ခြင်းဖြစ်၏။

အခြားလူတစ်​ယောက် ရည်းစားကို​ချော့​နေခြင်းအမှုအား ချန်လုကျိုး စိတ်ဝင်မစားသဖြင့် ​သောက်လက်စ ကိုလာဘူးကိုအပြတ်ဖြတ်ပြီး အထဲဝင်၍ ရုပ်ရှင်ကြည့်ဖို့ရန်သာ​တွေးလိုက်သည်။ သည်အချိန်၌ နံ​ဘေးဆီမှ ကျူးယန်ချီ၏စကားသံက သူ့နားရွက်ဖျားထံသို့ မတိုးမကျယ်ဖြင့်ထွက်​ပေါ်လာ​လေ၏။

"အဲ့တစ်​ယောက်က 'ထန်ရွှီ'ဟို​ကောင် မလား"

ချန်လုကျိုးက ​ပေါ့​ပေါ့ပါးပါးတစ်ချက်ပြန်ကြည့်၍

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now