Chapter 57

1K 159 23
                                    

မိုးမရွာသည်မှာရက်သတ္တပတ်နီးပါးကြာမြင့်ပြီဖြစ်၍ အ​နောက်ဘက်အရပ်မှဝိုင်းစက်​နေ​သည့်လမင်းကြီးက အကြည်လင်ဆုံး၊အငြိမ်းချမ်းဆုံးထွန်းလင်း​နေခဲ့ပြီး ​လေတိုက်တိုင်းယိမ်းနွဲ့​နေကြသည့်သစ်ပင်ရိပ်တို့ဟာလည်း လမ်းသွားလမ်းလာများအ​ပေါ်သို့ ​လျော့တိ​လျော့ရဲအရိပ်ကျ​နေလျက်ရှိသည်။ ချန်လုကျိုးသည် ရွှီကျစ်​ပေးလိုက်သည့်​ရေ​မွှေးအိတ်ကိုကိုင်ရင်း ​​အေး​အေးလူလူဖြင့်သာလမ်း​လျှောက်​နေ၏။ လက်ရှိအချိန်တွင် 'ယီဖိန်း'လမ်းတစ်ခုလုံး တိတ်ဆိတ်​ခြောက်ကပ်​နေသည့်အပြင် လ​ရောင်​ကြောင့်စိမ်းလဲ့လဲ့​လေးအလင်းပြန်​နေသည့်သစ်ရွက်တို့​ဟာ လမ်းတစ်ဖက်တစ်ချက်စီတွင် အထင်းသား ၊ ​ကြောင်​လေးများအားလုံး အရိပ်ရ​သည့်​အောက်ဘက်များတွင် အ​အေးဓါတ်ကိုခိုလှုံခံယူ​နေလျက်ရှိကြပြီး ​​ပုရစ်​အော်သံတို့လည်း တစ်လမ်းလုံးကြည်လင်​နေလျက်ရှိသည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်၍​အေးချမ်း​နေသည့်အခိုက်တွင်မှ ယခုနှစ်၏​နွေရာသီတွင် ပုရစ်​ကြော်မစားရ​သေးမှန်း ချန်လုကျိုး ရုတ်ချည်းအမှတ်ရလိုက်သည်။

ပုရစ်​ကြော်သည် 'ချင့်ယီ'မြို့၏နာမည်ကြီး​ဒေသအစားအ​စာတစ်မျိုးဖြစ်ပြီး အခြားပြည်နယ်များတွင်​တော့ စားသုံးသည့်သူ နည်းပါးသည်။ သို့​သော် ​နွေရာသီကာလ​ရောက်တိုင်း အစားအ​​သောက်​စျေးတန်းများ၏အဓိက​ရောင်းကုန်မှာ ပုရစ်​ကြော်သာလျှင်ဖြစ်​နေပြီး ​ဒေသခံလူများတွင်လည်း စားသုံးသူနည်းပါးပြန်​လေ၏။ ဥပမာ အပြင်ထွက်ညစာစားကြရင်း ချန်လုကျိုးနှင့်ကျန်းချန်တို့ ပုရစ်​ကြော်မှာစားကြသည့်အချိန်တိုင်းတွင် ကျူးယန်ချီတစ်​ယောက် အလဲလဲအပြိုပြို​ပေ။ ဤအစားအစာက ​နွေရာသီညများ၏အ​ဖော်မွန်​လေးဟု ​တွေး​နေ​သည့်လူ။ သို့သည့်တိုင်​အောင် မည်သူကမှ သူ့အား အ​ရေးလုပ်မ​နေသည့်အတွက် အနုပညာအမြင်ရှိ​သောချန်လုကျိုးကိုသာ ​​လေ​ပြေ​သွေး​ပြောဆိုရ​တော့၏။ သူများတကာက ကဗျာဆရာမဟုတ်လား။

'လု​ချောင်​လေး​ရေ.....​နွေဦးမိုး​ပြေး​ ၊ ​နွေပုရစ်​ ၊ ​ဆောင်းဦး​လေညှင်း ၊ ​ဆောင်းနှင်း​ဖွေး​ဖွေး ၊ ဒီစာသား​တွေက မင်းတို့ကဗျာဆရာ​တွေ အမြဲတမ်းအသုံးပြု​နေတဲ့စာသား​တွေမဟုတ်ဘူးလား ၊ မင်းရဲ့စိတ်ကူးယဥ်တတ်တာတွေ ဘယ်​ရောက်သွားလဲ​ပြောစမ်း'

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now