Chapter 91 ( part 2 )

787 139 15
                                    

လက်ရှိအခိုက်အတန့်တွင် ချန်လုကျိုးသည် မတ်မတ်ထိုင်​နေရမည်ကိုပင်ပန်းလွန်းလှသဖြင့် ထိုင်ခုံ​နောက်သို့ပစ်မှီရင်း ​ခြေ​ထောက်နှစ်​ချောင်းချိတ်၍ဆန့်ထုတ်ထားကာ A တက္ကသိုလ် ထိပ်တန်း​ကျောင်းသားပုံရိပ်ကိုပင် မထိန်းထား​တော့။ ပင်ပန်း​နေသည့်ပုံစံမျိုး​ပေါက်ပါ​သော်လည်း စိတ်ခံစားချက်အတက်အကြွကိုထိန်း၍ စကားဆို​နေဆဲဖြစ်သည်။

"ငါ သူ့ကို အတည်ရည်ရွယ်ထားတာမှန်း လီခယ်​ရော ကျူးယန်ချီ​ရောသိတယ် ၊ ဒီအတိုင်း ရည်းစားထားရရုံသက်သက်တွဲ​နေတာမဟုတ်ဘူး"

ကျန်းချန်က ရုတ်တရက်​ပြောစရာစကားမဲ့သွားပြီး ချန်လုကျိုး၏စကားဆိုလိုရင်းအား ဖြည်းဖြည်းချင်းသ​ဘော​ပေါက်လာခဲ့သည်။

​ယောက်ျား​လေးများကြားတွင် ထုတ်​ပြောစရာမလိုဘဲ အချင်းချင်းနားလည်သ​ဘော​ပေါက်တတ်ကြသည့်အကျင့်တစ်မျိုးမှာ အကယ်၍ ကာယကံရှင်ကိုယ်တိုင်က သူ့ရည်းစား​ကောင်မ​လေးနှင့်ပတ်သတ်ပြီး အ​လေးအနက်မရည်ရွယ်ထားလျှင် သူ၏အ​ပေါင်းအသင်းညီအစ်ကိုများဟာလည်း အထူးတလည်စိတ်ဝင်စား​နေ​ပေးခြင်းမရှိ။

ကျန်းချန်သည် ချန်လုကျိုး၏ဆိုလိုရင်းကို သ​ဘော​ပေါက်လိုက်ပြီးသည်နှင့် ထပ်ခါတလဲလဲ​ခေါင်းငြိမ့်ပြကာ မတိုးမကျယ်စကားဆိုလိုက်သည်။

"နားလည်ပြီ နားလည်ပြီ ၊ အား​ပေးတယ် အား​ပေးတယ် ၊ ​နောက်ဆို မင်းဘက်က​နေ အား​ပေးမယ်"

ကျူးယန်ချီက တစ်ဖက်တွင် အသံတိတ်​နေသည့်လီခယ်ထံသို့ လှမ်းကြည့်၍ ;

"မင်း ဘာလုပ်​​နေတာလဲ"

လီခယ်က မျက်​စောင်းတစ်ချက်ထိုးကြည့်လာ၏။

"အချိန်တွက်ကြည့်နေတာ"

ကျူးယန်ချီက မ​နေနိုင်​အောင်ဘဲ တစ်ချက်ဆဲ​ရေးပစ်လိုက်ရင်း ;

"ငိုး ဒီ​ကောင့်စာ​တမ်းက ​ရေးလို့ကိုမပြီးနိုင်​​တော့ဘူးလား ၊ ပြိုင်ပွဲပြီးပြီးချင်း​တော့ ကိုယ့်ကိုယ်ကိုယ်လည်း နားရက်​ပေးလိုက်ပါဦး ဟုတ်ပြီလား"

လီခယ်က ချန်လုကျိုးထံ လှမ်းစကားဆို၏။

"ငါ အခုပဲတွက်ကြည့်လိုက်​တော့ ဟိုးအစက​နေအဆုံးထိ မင်းတို့နှစ်​ယောက်ရဲ့ဆက်ဆံ​ရေးအ​ကြောင်းကို ​နောက်ဆုံးမှသိလိုက်ရတဲ့လူက ငါ မလား"

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now