Chapter 60

1.1K 165 33
                                    

ချန်လုကျိုးနှင့်ကူယန်ကြားထဲမှကိစ္စအား အနုပညာအတန်းမှ​ ထိုသူငယ်ချင်းနှစ်​ယောက်မှလွဲလျှင် ကျန်​နေသည့်လူများအားလုံး ရှင်းရှင်းလင်းလင်းအသိ ၊ ထို့နည်းတူစွာ ကျန်းချန်သည်လည်း ချန်လုကျိုး၏​ဘေးတွင်ထိုင်​နေ​သောမိန်းက​လေးက မည်သူမှန်းမသိ​ ၊ ယခုအကြိမ်တွင်မှ ပထမဆုံး​တွေ့ဖူးခြင်းဖြစ်သည်။ သို့​သော် လူစုံတက်စုံဖြစ်​နေသည့်ပတ်ဝန်းကျင်တစ်ခုမှာ အ​တော်​လေးကသိက​အောက်နိုင်ချင်​နေစရာ​ကောင်းလွန်း​သော​ကြောင့် ​ပြေလို​​ပြေငြားစကားဆိုရ​တော့၏။

"ငါတို့ အခု​လေးတင်မှ ဘီယာဝယ်ရင်း​တွေ့ကြတာ ၊ ကူယန်က မင်း သူ့ကို ထမင်းတစ်နပ်ဝယ်​ကျွေးဖို့အ​ကြွေးတင်​နေ​သေးတယ်​​ပြောတာနဲ့ ငါတို့လည်း အတူတူစားရ​အောင်​တွေးလိုက်မိလို့ ၊ ခုဏတုန်းက မင်းဆီ ဖုန်းနှစ်ခါ​တောင်​ခေါ်​သေးတယ် ၊ မကိုင်လို့​လေ"

ချန်လုကျိုးက 'အင်း' ဟု တစ်ချက်တုံ့ပြန်ရင်း ;

"မင်းတို့ အဆင်​ပြေသလိုထိုင်​လေ ၊ ငါ မီးဖွင့်လိုက်ဦးမယ်"

ကူယန် လုံးဝမထင်ထားမိသည်မှာလည်း ချန်လုကျိုး၏အိမ်ထဲ၌ မိန်းက​လေးတစ်​ယောက်ရှိ​နေလိမ့်မည်ဟူ၍ ၊ သို့​သော်ငြား သူမဟာ ဘယ်လိုမှအ​တွေးမလွန်မိဘဲ ဝမ်းကွဲ​ဆွေမျိုးတစ်​ယောက်​ယောက်ဟုသာ စိတ်ထဲ​တွေး​မိခဲ့သည်။ ချန်လုကျိုးက အခြားမိန်းက​လေးတစ်​ယောက်နှင့် ပတ်သတ်​နေလိမ့်မည်ဟုလည်း ဘယ်လိုမှပင်အ​တွေးမ​ပေါက်မိ ၊ အဘယ်​ကြောင့်ဆို​သော် ​ကျောင်းတက်စဥ်ကာလတစ်​လျှောက်မြင်​တွေ့ခဲ့ရသည့် ချန်လုကျိုး၏အပြုအမူတို့မှာ သူဟာ ​ယောက်ျား​လေးတိုင်းနှင့်လည်း အ​ပေါင်းအသင်းတည့်သလို ဆရာ၊ဆရာမတိုင်းနှင့် အဆင်မ​ပြေသည်ဟူ၍လည်းမရှိ ၊ ရှိသမျှ​သောမိန်းက​လေးတိုင်းကိုလည်း ​အေးတိ​အေးစက်ခပ်တည်တည်နှင့်ပင် ဆက်ဆံတတ်သည်။ ​ကျောင်းထဲ၌ ချန်လုကျိုးနှင့် အ​ပေါင်းအသင်းလုပ်နိုင်ခဲ့သည့်မိန်းက​လေးတစ်​ယောက်တည်းသာရှိပြီး ထိုမိန်းက​လေး၏ရုပ်ရည်မှာသာမန်ပင်ဖြစ်၍ ပညာ​ရေးတွင်​တော့ အ​တော်​လေးအဆင့်​ကောင်းခဲ့သည်။ ချန်လုကျိုးကိုယ်တိုင်ကပင် ထိုမိန်းက​လေးက စိတ်ဝင်စားစရာ​ကောင်း​သည်ဟု​ပြောဖူး​ကြောင်း ကျူးယန်ချီထံမှတဆင့်ကြားဖူးခဲ့သည်။ ​နောက်တွင်​တော့ ထိုမိန်းက​လေးက ​လေ့ကျင့်​ရေးအတန်း၏ဖိအားများကိုမခံနိုင်ဘဲ အထက်တန်းဒုတိယနှစ်၌ အတန်းထဲမှထွက်သွားခဲ့​ကြောင်းကြားခဲ့ရသည်။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now