Chapter 14 ( part 3 )

1K 151 14
                                    

ရွှီကျစ် တစ်ဖက်သို့လှည့်ကြည့်လိုက်လျှင် ချိုက်ယင်းယင်းမှာ အမူးလွန်၍ အသိစိတ်လွတ်လုနီးပါး ၊ လည်ပင်းတစ်​​လျှောက်လုံးအပြင် လက်​မောင်းနှင့်​​ခြေ​ထောက်နှစ်ဖက်လုံးပါ ရဲရဲနီ​စွေး​နေ​လေသည်။ ရွှီကျစ်က မူမမှန်​တော့သည်ကို သတိထားမိလိုက်သဖြင့် ချန်လုကျိုးထံသို့ အမြန်​မေးကြည့်မိလိုက်၏။

"သူ အယ်လ်ကို​​ဟောအလက်ဂျစ်ဖြစ်​နေတာ​တော့ မဟုတ်ဘူးမလား"

ချန်လုကျိုး ထိုင်ခုံ​ပေါ်မှအမြန်ထလိုက်ပြီး အနားထိတိုးကပ်၍ကြည့်လိုက်၏။ အရက်ဘားထဲ၌ ​အမှောင်ရိပ်များ​နေသည့်အပြင် ချိုက်ယင်းယင်း၏အသားအ​ရောင်မှာ အဝါဘက်သန်းသည့်အတွက် ခွဲခြားကြည့်ဖို့ရာ အခက်​တွေ့​နေ​​သော​ကြောင့် ချန်လုကျိုးက လက်ကိုင်ဖုန်းမီးကိုဖွင့်လိုက်သည်။ ချိုက်ယင်းယင်းမှာ အသိစိတ်လွတ်ခါနီးဆဲဆဲအ​ခြေအ​နေတွင်သာဖြစ်ပြီး အမှန်တကယ်သတိ​မေ့​နေခြင်းမဟုတ် ၊ ထို့​ကြောင့် အခြားသူ​ပြောသမျှစကားတိုင်းကို အကြမ်းဖျင်းနား​ထောင်နိုင်​နေဆဲဖြစ်ရာ သည်အခိုက်အတန့်တွင် ချိုက်ယင်းယင်းတစ်​ယောက် သူမဟာ ချန်လုကျိုး၏အမြင်၌ ဝက်သားတုံးတစ်တုံးနှင့်မထူးမခြားနားလိုဖြစ်​နေရ​တော့မည်ကို​​တွေးရင်း ​နောက်ထပ်'ရိုက်ချက်'ပြင်းပြင်းတစ်ချက်ကို ထပ်ခံစားလိုက်ရ​ချေ​တော့သည်။

ချန်လုကျိုးက ​မေးလိုက်၏။

"သူ အရင်တုန်းက အရက်​သောက်ဖူးလား"

"မ​သောက်ဖူးဘူး ၊ ပထမဆုံးအကြိမ်"

ချန်လုကျိုး ;

"မင်း သူ့ကို ယားမယား​မေးကြည့်လိုက် ၊ အကယ်၍ ယားတယ် အသက်ရှူရတာအဆင်မ​ပြေဘူးဆိုရင်​တော့ ​ဆေးရုံသွားမှဖြစ်မယ် ၊ ဒီအတိုင်းပဲ နီ​နေတာဆိုရင်​တော့ ကိစ္စမရှိဘူး ၊ ခဏ​နေကျရင် သက်သာသွားလိမ့်မယ်"

ချိုက်ယင်းယင်းက ယားယံခြင်းမရှိဘဲ ရင်ဘတ်ထဲ သက်​သောင့်သက်သာမရှိဟုသာ စကားဆိုလာ၏။

ချန်လုကျိုးက မည်သို့သက်​သောင့်သက်သာမရှိ​ကြောင်း ​သေချာထပ်​မေးလိုက်သည်။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now