Arc 2 အပိုင်း {၂၈}

7.8K 1.5K 57
                                    

UNICODE

ဖုတ်သရဲ ချစ်သူ အပိုင်း (၁၁)

ရှဲ့ချီ ပြောပြီးသွားသည်နှင့် ယွဲ့ရှုံ့မင်သည် ချုပ်
ထားသည်ကို လွှတ်လိုက်ပြီး ကျိုးထုံကို စိုက် ကြည့်နေသည်။ နောက်ဆုံးတော့ဖြင့် သူချုပ်
တည်းထားရသည့် ရန်ငြိုးကို ဖြေဖျောက်ရန် နည်းလမ်းရလာပေပြီဖြစ်သည်။ ယွဲ့ရှုံ့မင်သည်
ကျိုးထုံအား ကောက်ကျစ်စွာ ပြုံးပြလိုက်
သည်။

ရှဲ့ချီက ယန်ကျင်းနှင့် လုဝမ်ရှိရာသို့ ဖြည်းဖြည်း
ချင်း လျှောက်သွားလိုက်သည်။

အချိန်အတော်ကြာအောင် စကားပြောလိုက်ရ
သည့်နောက် အနည်းငယ် ရေငတ်လာသည်။
စားပွဲပေါ်ရှိ ခရားမှ ရေငှဲ့လိုက်ကာ တစ်ငုံမော့
သောက်လိုက်သည်။ ယွဲ့ရှုံ့မင်က ကျိုးထုံအား
အလောင်းချည်ကြိုးဖြင့် တုပ်ချည်နေသည်ကို
ကြည့်နေပြီး သူ့မျက်လုံးအစုံက အလျဥ်းတည်ငြိမ်နေသည်။ လောကတွင် ယုတ်မာ
သူများစွာရှိသော်လည်း သူကတော့ နည်း
နည်းမှ ဂရုမမူချေ။ ရှဲ့ချီသည် မကောင်းမှု
ပယ် ကောင်းမှုဆယ်ရလောက်အောင် စိတ်
ပါဝင်စားမှုမရှိပေ။ သူ၏လမ်းကို ပိတ်ပင်
နေသည်လျှင်ဖြင့် ပျော်ပျော်ကြီး လက်စ တုံး
ပေးမည်ဖြစ်သည်။

ဘက်ဖ်အသုံးလွန်သွားသောကြောင့် ကျိုးထုံ
သည် အလောင်းချည်ကြိုးဒဏ်ကို မခံနိုင်
ပေ။ တည်းခိုခန်းငယ်လေးထဲတွင် သူ၏
အော်သံများက ကြက်သီးထဖွယ်ရာ အဆက်
မပြတ် ပေါ်ထွက်နေသည်။ မကြာမှီပင် ယွဲ့
ရှုံ့မင်က သူ့အား ကြိုးတုပ်နိုင်လိုက်သည်။
ကျိုးထုံသည် အလေးချိန်အတော်လျော့သွား
ကာ ပိန်လှီသွားသည်။ ယွဲ့ရှုံ့မင်သည် ကြိုးစွန်း
တစ်ဖက်အားဆွဲကာ ကျိုးထုံကို ဂဏန်းတစ်
ကောင်အလား သယ်မလိုက်ပြီး အနောက်
ဖက်ဝန်းထဲသို့ လမ်းလျှောက်သွားလေသည်။
ကျိုးထုံ၏ ခြေလက်များကို ကြိုးတုပ်ခံထား
ရသည်။ ရသမျှ ရုန်းကန်နေသော်ငြား အချည်း
နှီးသာပင်။

တံခါးသို့ရောက်သောအခါ ယွဲ့ရှုံ့မင်က ရပ်
လိုက်ပြီး တစ်ဖက်တွင် မတ်တပ်ရပ်နေသည့်
ရှဲ့ချီအား ပြောရခက်သည့် အမူရာဖြင့် ကြည့်လိုက်သည်။ ရှဲ့ချီက ပြဿနာအားမွှေလိုက်
သည်ကို သေချာသိသော်လည်း ပြန်ငြင်းချက်
မထုတ်နိုင်ပေ။ အကြိမ်ကြိမ်မည်မျှ ပြန်ဖြစ်
စေကာမူ သူရွေးချယ်နိုင်သည်က ဤတစ်ခု
တည်းသည်သာ ဖြစ်သည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now