Arc 4 အပိုင်း {၈၈} (Z+U)

5.9K 1.5K 78
                                    

၁၅၅၂ သရဲခြောက်သောအိမ်ကြီး (၂၀)

UNICODE

ယိုကျင်တွင် ထိုအတွေးပေါ်လာပြီး သူ့ခေါင်းကိုငုံ့ကာ ရှယောင်ကို အသာမေးမြန်းနေဟန်ဆောင်လိုက်သည်။

ရှဲ့ချီက အချိန်မီဝင်လာကယ်လိုက်ပြီး ယွမ့်ဇျဲနှင့် လုဝမ်မှာ အံ့ဩသွားရသည်။ ရှဲ့ချီ စောနက သေချာပေါက် ဒဏ်ရာရထားသည်။ ခုနစ်မိနစ်၊ ရှစ်မိနစ်အတွင်းတွင် အဝတ်စားလဲပြီး ဘာမှမဖြစ်သလိုနေနေ​လေသည်။ ခုနလေးတင်ကမှ သေချာပေါက် သွေးတွေပေနေတာကြီးကို။

ရှဲ့ချီ သူ့ပါးစပ်​ကို အုပ်ကာ ချောင်းဟန့်လိုက်ပြီး သူတို့ သွားသင့်ပြီဖြစ်ကြောင်း အကြံပေးသည်။ ယွမ့်ဇျဲနှင့်လုဝမ်မှာ ချက်ချင်းပင် အပြေးလာသည်။

"ငါမင်းကို စာပို့ပြီး ဒီကိုလာခိုင်းနေတာတောင် ရှယောင်ကို အပြေးသွားကယ်နေတယ်ပေါ့။ သူက ယိုကျင်ကောင်မလေးလေ။ ဘာလို့ ကယ်လိုက်တာလဲ။" ယွမ့်ဇျဲက အထွန့်တက်နေဟန်ဆောင်သည်။ သူ့ခေါင်းကို ငုံ့လိုက်သောအခါ ရှဲ့ချီ၏လက်များမှာ ထိန်းမနိုင်သိမ်းမရ တုန်ယင်နေသည်ကို တွေ့လိုက်ရသည်။ ရှဲ့ချီ အခြေအနေသိပ်မကောင်းသည်ကို သိလိုက်ပြီး သူ့နှလုံးမှာ အခုန်မြန်နေသည်။

လုဝမ် ခေါင်းငဲ့ကြည့်လိုက်ပြီး ရှဲ့ချီ၏ ပခုံးနောက်မှ သွေးထွက်နေသည်ကို သတိထားမိလိုက်သည်။ ယိုကျင်က အရင်ကတည်းက သူတို့ကို စိုက်ကြည့်နေဆဲဖြစ်သည်။ လုဝမ်မှာ စိတ်ပူနေသော်လည်း ရှဲ့ချီ၏ ပခုံးပေါ် တည်ငြိမ်စွာနှင့် အေးအေးသာသာပင် လှမ်းဖက်လိုက်ပြီး သွေးကို ကာထားလိုက်သည်။

ရှဲ့ချီ ညည်းလိုက်ပြီး လုဝမ်မှာ အမြန်ပင် အကျယ်ကြီး ပြောလိုက်သည်။ "ယွမ့်ဇျဲ မင်း နည်းနည်းလောက် လျှော့ညည်းပါဦး။ ငါတို့ အဆင်ပြေနေတာပဲမဟုတ်ဘူးလား။ အစ်ကိုရှဲ့က ငါတို့အတွက် ဒီလောက် လုပ်ပေးထားတာကြီးကို။ ဒီတစ်ခါကို စိတ်ထဲထားမနေနဲ့။"

ရှဲ့ချီမှာ မတတ်နိုင်တော့သည့် အမူအရာကို လုပ်လိုက်သည်။

[ဟားဟားဟား လုပြီး သရုပ်ဆောင်ပြနေကြတာဟေ့။ ရယ်ရတာ သေတော့မယ်။]

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now