Arc 6 အပိုင်း {၁၃၂} (Z+U)

4.7K 1.1K 343
                                    

ဆေးရုံ (၁၃)

UNICODE

[နောက်ထပ် ရှဲ့ချီလားဟ။]

[ရှဲ့ချီက ရှဲ့ချီကို ဖက်နေတယ်။]

[ဟား ဟားဟားဟား?? ကိုယ့်ကိုယ်ကိုယ် ပြန်ဆဲနေတာလား။]

[ပြောနေတာ လူနှစ်ယောက်ထဲပေမဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလို ခံစားရတယ် ဟားဟားဟား]

[တကယ့်ပါတနာရှေ့မှာ ရှင်းလန်ကို ဖျားယောင်းနေတယ်။]

[ဟားဟားဟားဟား ကိုယ့်ရှာလကာရည်ကိုယ်ပြန်သောက်နေတာ။]

*****************

ရှဲ့ချီသည် ထိုသူ ထွက်မပြေးနိုင်စေရန်အတွက် သူ့ခါးတွင် တွယ်ဖက်ထားသည့်လက်ကို ဖမ်းဆုပ်ထားလိုက်သည်။ "ပြောစမ်း။ ယိဟယ်စုန့်ဆီ စာပို့လိုက်တာ မင်းလား။"

အခြားရှဲ့ချီက ရှဲ့ချီကို မျက်လုံးလှန်ကြည့်လိုက်သည်။ "ပျော်စရာလည်းမကောင်းဘူး။"

ရှဲ့ချီ "......"

ဓာတ်လှေကားက ရုတ်တရက် လှုပ်ခါသွားပြီး ဆက်ပါလာသည့် အပြင်းအထန် တုန်ခါမှုကြောင့် ရှဲ့ချီ ယိုင်သွားသည်။ အနက်ရောင်အဝတ်အစားနှင့် ရှဲ့ချီ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် ဖောက်ထွင်းမြင်ရသွားရသည်။ ရှဲ့ချီ သူ့ကို ဆက်မဖမ်းထားနိုင်တော့ဘဲ ဓာတ်လှေကားတံကား၏ စတီးလွှာများအား ​ဖောက်ထွင်းဖြတ်သွားသည်ကို ကြည့်နေလိုက်ရလေသည်။

အဝတ်အစားအနက်ရောင်နှင့် ရှဲ့ချီက ခေါင်းလှည့်ကြည့်လာသည်။ သွေးချင်းနီရဲနေသောမျက်လုံးများမှာ ဆန်းကြယ်နေကာ ထိုထဲတွင် ဆန်းစစ်ခြင်းနှင့် ချိန်ဆကြည့်နေခြင်းတို့က ပိုမိုရှိနေသည်။ ချီတုံချတုံဖြစ်နေပြီး လျှို့ဝှက်နက်နဲနေသည့် အတိုင်းပင်။ သူမဟုတ်သည့်သူမှာ အလွန်ခက်ခဲလှသည့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပုံရသော်လည်း ပြောတော့မည့်အချိန်တွင် လွန်ဆွဲနေရပြန်ကာ နောင်တရသွားပြန်လေသည်။ ကြည့်ရသည်မှာ ထိုဆုံးဖြတ်ချက်သည် သူ့အပေါ်တွင် ပြန်ဖျက်မရသည့် သက်ရောက်မှုကြီးနှင့် သူမတတ်နိုင်သည့် နောက်ဆက်တွဲတစ်ခုခုရှိနေပုံ ရသည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now