ရှင်လျက်နှင့် ငရဲကျခြင်း (၂)
UNICODE
တမလွန်လောကတွင် လူတစ်ဒါဇင်ကျော်လောက် လူသူကင်းမဲ့သည့်လမ်းတွင် မတ်တပ်ရပ်နေကြသည်။ သူတို့တွေက ရှင်လျက်နှင့် ငရဲကျခြင်းတွင် ပါမည့် သရုပ်ဆောင်များဖြစ်သည်။ သူတို့ တစ်ယောက်ချင်းစီ၏ ခါးတွင် သံကြိုးများနှင့်ချည်ထားပြီး တိရစ္ဆာန်များအလား ဟေးပိုင်ဝူချန်က ဆွဲခေါ်သွားနေကြသည်။ လူတစ်ယောက်နှစ်ယောက် ပိုဝင်လာသည့်အချိန်တိုင်း သူတို့လက်ထဲ၌ သံကြိုးများပိုများလာသည်။
ရှဲ့ချီ ပေါ်လာသောအခါ သရုပ်ဆောင်အားလုံးနီးပါးပင် သူ့အား ပေါ်တင်တစ်မျိုး၊ မသိမသာတစ်ဖုံ ဝိုင်းကြည့်ကြလေသည်။ နူးညံ့ညင်သာသော မျက်နှာရှိရက်နှင့် တတိယတန်းစားတစ်ယောက်ကို သတ်ပစ်လိုက်နိုင်သော လူသစ်၏ အမှန်တရားကို ဖော်ထုတ်ချင်နေကြသည့်အလားပင်။ အများစုမှာ သိချင်နေကြပြီး ကြောက်နေကြသူ အနည်းငယ်လည်း ရှိလေသည်။ မောက်မာမှုနှင့် အထင်သေးမှု နည်းနည်းကို ပြကြသော သူတစ်ချို့လည်း ရှိပြန်သည်။ သူတို့သည် အခုမှ အဆင့်တက်လာပြီး လိမ္မော်ရောင် ဇာတ်ကားသို့ဝင်ရန် အရည်အချင်းမီသလောက်သာ ရှိသော ထိုသရုပ်ဆောင်ကို ပေါ်ပေါ်ထင်ထင်ပင် အထင်သေးနေကြသည်။
"ကျောက်ကျင်ဟွာကို သတ်နိုင်တဲ့ပုံလည်း မပေါက်ပါဘူး။" ကျိရှင်းချန်ဘေးတွင် ချန်ကျိုးက စိတ်မကျေနပ်မှု အနည်းငယ်နှင့် ပြောသည်။
ကျိရှင်းချန်က သူ့ဓားကို သုတ်လိုက်ပြီး မော့ကြည့်ကာ သူ့မျက်လုံးများက မှင်သက်နေသည့် ရှဲ့ချီီ ကို ခြုံကြည့်လိုက်သည်။ ထို့နောက် ခံစားချက်မဲ့စွာ ပြောလိုက်သည်။ "လူတွေကို အပြင်ပန်းနဲ့တင် သွားဆုံးဖြတ်လို့မရဘူး။"
ချန်ကျိုး အံ့ဩသွားပြီးနောက် တစ်ခုခု ထူးဆန်းသည့်အရာတစ်ခုနှင့် ကြုံလိုက်ရသည့်အလား ပျော်သွားသည်။ တစ်ဖက်လူကို သူ့လက်မောင်းနှင့် တိုက်လိုက်သည်။ "သူ့ကို ကြောက်လား။"
"အဲ့လိုမဟုတ်ဘူး။" ကျိရှင်းချန်က ချန်ကျိုး၏ စကားများကို နည်းနည်းဘဝင်မတွေ့သည့်အလား မျက်မှောင်ကြုတ်လိုက်ပြီး သူ့အကြည့်ကို ပြန်ရုပ်လိုက်သည်။ "ငါ သူ့ဇာတ်ကားကို ကြည့်ပြီးပြီ။ ကျောက်ကျင်ဟွာကို ဒဏ်ရာရအောင်လုပ်ပြီး ယိုကျင်ကို သတ်နိုင်အောင် သူ သုံးလိုက်တဲ့ အိုင်တမ်က တစ်ခါသုံးပဲ။ ဇာတ်ကားဧကရာဇ်က ပေးထားတဲ့ လက်နက်ကလည်း ပျက်စီးသွားပြီ။ မကောင်းဆိုးဝါး ဝိညာဥ်ကို သူ့ခန္ဓာကိုယ်ထဲ ခေါ်ရဲတဲ့အထိ ရဲတင်းပေမဲ့..."
YOU ARE READING
ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]
HorrorMinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထဲမှာ ရှာလို့ရပါတယ်။ ဟုတ်ကဲ့... အရင်က Minerva ပါပဲ \(><)/
![ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]](https://img.wattpad.com/cover/250196836-64-k124562.jpg)