ခြောက်ခြားဖွယ်ရာ အစုံအလင် (၁)
ပထမပိုင်းUNICODE
ရှန်ယိ၏ ရုံးခန်း။
"ဆုချင်း၊ မင်း ကိုယ်မသိအောင် ဖုတ်ဇာတ်ကားတစ်ကား သွားလုပ်ထားတာလား။" ရှန်ယိသည် တံခါးဖွင့်သံကြားလိုက်ရသောအခါ သူထိုင်နေသည့်ဆိုဖာထက်မှ အတက်အကျမရှိသည့် အသံနှင့် ဆိုသည်။
တံခါးဖွင့်ဝင်လာသော ဆုချင်းမှာ တုန်ယင်သွားရပြီး အသံလေးမှာ ခြင်ဝဲသလောက်တိုးညှင်းနေခဲ့သည်။ "ဟုတ်တယ်။"
သူသည် ခါးထိတိုင် ရှည်လျားသော ဆံနွယ်နက်များနှင့် နည်းနည်းနေမကောင်းသည့်ဟန် ဖြူဖွေးသောအသားရည်ရှိကာ အနုသုခုမပညာရှင်အလားစိတ်ထားရှိပြီး နူးညံ့လှပသည့် ယောကျာ်းတစ်ယောက်ဖြစ်သည်။ သူက ရှန်ယိ၏ တိတ်တိတ်ပုန်း ချစ်သူလည်းပဲ ဖြစ်သည်။
ရှန်ယိသည် ခေါင်းလှည့်ကာ ပြုံးပြလိုက်သည်။ "ဘာတွေကြောက်ပြနေတာလဲ။ ကိုယ် ဘာမှမလုပ်ပါဘူး။ ဒီကို လာခဲ့။"
သူ၏ ခြေထောက်ကို ပုတ်ပြလိုက်သည်မှာ သာမန်ဖြစ်ရိုးဖြစ်စဥ်ကိစ္စတစ်ခုအလားပင်။ ဆုချင်း ရှက်သွေးဖြာသွားရပြီး ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ ရှန်ယိ၏ ရင်ခွင်ထဲ ပွေ့ဖက်ခံလိုက်ရတော့သည်။
"ဇာတ်ကားနာမည်က ဖုတ်သရဲ ချစ်သူတဲ့လား။ ကိုယ့်အေးဂျင့်ဆီက ကြားသလောက်တော့ ပြန်ပြောကြတာတွေက အတော်ကောင်းဆိုပဲ။ ပရိသတ်ကလည်း ဇာတ်ညွှန်းကို အရမ်းကြိုက်ကြတယ်တဲ့။" ရှန်ယိသည် TV ကို ဖွင့်လိုက်ရင်း ပြောသည်။
ဆုချင်း၏ မျက်လုံးထဲ အံ့အားသင့်သွားမှုက ဖြတ်ပြေးသွားသည်။ သူ့ခေါင်းကို မော့ကာ မေးလိုက်သည်။ "မင်းကော သဘောကျလားဟင်။"
သူ၏ တောက်ပသော မျက်လုံးများမှ မျှော်လင့်မှုနှင့် ဝမ်းသာမှုများ ဖိတ်လျှံကျလာတော့မတတ်ပင်။
ရှန်ယိသည် တိတ်နေရင်း ရီမုကို နှိပ်ပြီးတော့သာ အဆုံးထိရစ်ကြည့်လိုက်သည်။ ထို့နောက် နောက်ဆုံးနားတွင် ခေတ္တရပ်သည့် ခလုတ်ကို နှိပ်လိုက်သည်။ "သေခြင်းရှင်ခြင်းကို ဖြတ်ကျော်တယ်။ မျိုးနွယ်စုကို ဖြတ်ကျော်တယ်။ အချစ် က အဓိက (theme)..."
YOU ARE READING
ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]
HorrorMinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထဲမှာ ရှာလို့ရပါတယ်။ ဟုတ်ကဲ့... အရင်က Minerva ပါပဲ \(><)/