Arc 6 အပိုင်း {၁၂၃} (Z+U)

6K 1.2K 64
                                    

ဆေးရုံ (၄)

UNICODE

"အဲ့ဒါဆိုရင် ယဲ့လန်နဲ့ အရင်စကားပြောလိုက်ပြီးမှ ခယ်ရှောင်နဲ့အတူ ရှင့်ဆီလာခဲ့မယ်လေ။ ဦးလေးခယ်က အရမ်းဖော်ရွေပါတယ်။" ယဲ့ရှောင့်ရှောင့်က ရှင်းပြသည်။

"ဟုတ်ပြီ။ သရုပ်ဆောင်တွေလည်း ခဏနေရင် အလုပ်သိပ်ရှုပ်ကြတော့မှာ မဟုတ်ဘူး။ ကျွန်တော်တို့တွေ ဆုံကြပြီး ခဏလောက် ရင်းနှီးအောင်လုပ်ကြတာပေါ့။"

ယဲ့ရှောင့်ရှောင့် အမြန်ပြောလိုက်သည်။ "နောက်မှတွေ့မယ်လေနော်။"

ရှဲ့ချီ ခေါင်းညိတ်ပြလိုက်ပြီး ဒဏ်ရာရ လူနာဆောင်ဆီသို့ ယွမ့်ဇျဲနှင့်အတူ သွားလိုက်သည်။

"ဟေ့ ရှဲ့ချီ၊ ငါ အဲ့ဒီကလေးမကို သိတယ်။" ယွမ့်ဇျဲက ယဲ့ရှောင့်ရှောင့်ကို မမြင်ရတော့သည့် အချိန်ထိ စောင့်လိုက်ပြီးမှ တိတ်တဆိတ်ပြောသည်။

ရှဲ့ချီ သူ့ကို လှမ်းကြည့်လိုက်သည်။ အဲ့ဒါကြောင့် ခုနတုန်းက ယွမ့်ဇျဲ တစ်ယောက် စကားမပြောသလောက်ကိုဖြစ်နေတာကိုး။

နှစ်​ယောက်သား လှေကားမှ ဆင်းလိုက်ကြရင်း ယွမ့်ဇျဲက စကားဆက်သည်။ "မင်းနဲ့ လုဝမ်က ကမ္ဘာတစ်ခုထဲက လာကြတာလို့ မင်းတို့ပြောတာ ငါကြားတယ်။ အဲ့လိုသာဆို ငါနဲ့ ယဲ့ရှောင့်ရှောင့်က တစ်ကမ္ဘာထဲကပဲ။ ငါသိသလောက်ကတော့ သူ့မိသားစုက ချမ်းသာပြီး ငယ်ငယ်လေးကတည်းက သူ နိုင်ငံခြားရောက်နေတာထင်တယ်။ ဘယ်လိုဖြစ်ဖြစ် သူက တော်တော်ထင်တိုင်းကြဲတတ်ပြီး သူ့မိဘတွေကလည်း လွှတ်ထားကြတာ။"

"ဒါနဲ့လေ ငါ ရုတ်တရက်ကြီး ယန်ကျင်းရဲ့ ကမ္ဘာမှာက ဖုတ်ကောင်တွေရှိပြီး မင်းရဲ့ ကမ္ဘာမှာဆို လုဝမ်က ငါးလူသားဆိုတာ သတိရသွားတယ်။ ငါ့ကမ္ဘာက တော်တော့်ကို သာမန်အတိုင်းပဲ။ အရမ်း တည်ငြိမ်ပြီး အစီစဥ်ကျတယ်..."

ရှဲ့ချီက သူပြီးသည်အထိ စောင့်နေလိုက်သည်။

"ဒါပေမဲ့ ငါတို့ကမ္ဘာတွေ အတိုင်းအတာတစ်ခုထိ ထပ်တူညီနေကြတာ အံ့ဩစရာကြီး။ ယန်ကျင်းရဲ့ ကမ္ဘာဆိုရင် ယဲ့ရှောင့်ရှောင့်နဲ့ ငါ့ကမ္ဘာထက် နောက်ကျနေပေမဲ့ လူမှုအဖွဲ့အစည်းနဲ့ သမိုင်းကြောင်းက ငါတို့နဲ့ ဆင်တူပဲ။ ဘယ်လိုပြောရမလဲ..." ဘယ်လိုဖော်ပြရမည်ကို ယွမ့်ဇျဲမသိတော့။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now