Arc 2 အပိုင်း {၃၀} (Z+U)

7.1K 1.6K 130
                                    


ဖုတ်သရဲ ချစ်သူ အပိုင်း (၁၃)

UNICODE

[ဖား သူ့ယောကျ်ား အလောင်းကြီးကို အိပ်ခန်းထဲ ထည့်ထားတာဟ။ ဘယ်လောက်တောင် ချစ်တာမို့လဲမသိ။]

[ဒါကြီးက များသွားပြီ။ ကြောက်စရာကောင်းတယ်လို့ မထင်ကြဘူးလား။ ဒီလောက်ပူတဲ့နေ့ကြီးမှာ သူ့မျက်နှာကိုသွားကိုင်နေတာ။ အဲ့ဒီဖယောင်းတွေအောက်မှာ ပုပ်ပွနေပြီနေမှာ။]

[မပြောကြစမ်းပါနဲ့။ ဖန်သားပြင်ကနေတောင်မှ အနံ့ရနေရသလိုပဲ။]

[ဖုတ်ကောင်ရဲ့ ခန္ဓာကိုယ်ကိုသုံးပြီး ဝိညာဥ် ထည့်မလို့လား။]

[ဝေါင်း တကယ်လို့ သူသာအောင်မြင်သွားရင် ဖုတ်ယောကျာ်းနဲ့ အိပ်ရမှာနော်။ ရွံစရာကြီး။ တွေးကြည့်တာနဲ့တင် ခေါင်းတွေကျိန်းလာပြီ။]

[နေဦး မင်းတို့ အာရုံစိုက်တာလွဲနေတယ်။ ဒီဇာတ်ကား နာမည် ဖုတ်သရဲချစ်သူဆိုတာက စာလုံးတွေနဲ့လှည့်ထားတာပဲ။ အရင်တုန်းကကျ မြေခွေးနဲ့ ဖုတ်ကောင်နဲ့။ အခုကျတော့ ကျောက်အမျိုးသမီးနဲ့ ဖုတ်ကောင်နဲ့။တကယ်လို့ ကျောက်အမျိုးသမီးရဲ့ အကြံအောင်မြင်သွားရင် ဖုတ်ကောင်က သူ့ချစ်သူရဲ့ ဝိညာဥ်ကိုရပြီး သူက ဖုတ်ကောင်ရဲ့ ချစ်သူဖြစ်သွားလိမ့်မယ်။ တကယ်လို့ မအောင်မြင်ရင် မြေခွေးက ဖုတ်ကောင်ရဲ့ ချစ်သူဖြစ်မယ်။ ဒါဆို အဓိပ္ပါယ်ရှိသွားပြီ။ ဘယ်လိုဖြစ်ဖြစ် ဇာတ်ကြောင်းက ဘာကိုပဲ အဓိကထားထား ဖုတ်ကောင်မှာ ချစ်သူရှိနေမှာပဲ။]

[ဒါက အဓိကဇာတ်ကြောင်းနှစ်ခုရှိတဲ့ဟာလား...။အဲ့လိုမျိုးနဲ့ နည်းနည်းတော့ဆင်ပေမယ့် အဓိကဇာတ်ကြောင်းနှစ်ခုတွေက အဆုံးသတ်လည်းနှစ်ခုရှိတာကို ငါဘာလို့သတိရသွားတာလဲ။ အား မမှတ်မိတော့ဘူး။ အဓိက ဇာတ်ကြောင်းနှစ်ခုနဲ့ ဇာတ်ကားတွေရှိတယ်လေ။ ငါနောက်ဆုံးကြည့်ဖူးတာတော့ လွန်ခဲ့တဲ့ အနှစ် သုံးလေးဆယ်လောက်ကပဲ။]

[ဖား အဲ့လိုလည်း ရှိသေးတာလား။ ဒါ သီးသန့်ဟာမျိုးလား။ ဒါမယ့် လက်ကမ်းစာစောင်ထဲ ထုတ်လုပ်သူရဲ့ နာမည်လည်း ငါမတွေ့ဘူးရော်။]

***

တံခါးစောင့်က သူတို့ကို အနီရောင်ဆေးသုတ်ထားသည့် အဆောက်အဦးသို့ခေါ်သွားသည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now