အပိုင်း {၁၄၇} (Z+U)

6.9K 1.2K 83
                                    

ရုပ်တု

UNICODE

နောက်နှစ်ရက်တွင် ရှဲ့ချီမှာ App ထဲတွင် သူ့အတွက်ပွင့်သွားသည့် သတင်းအသစ်များကို မွှေနှောက်ကြည့်နေတော့သည်။

App အတွက်ကား ​တတိယတန်းစားသည် ခြားနားမှုအကြီးကြီးဟု သူအသေအချာ ခံစားမိလိုက်သည်။ တတိယတန်းစားနှင့်အထက် သရုပ်ဆောင်များသာလျှင် App ၏ ပင်မအချက်အလက် အများစုကို သိပိုင်ခွင့်ရှိလေသည်။

ဥပမာ App ထဲတွင် အေးဂျင့်သည်သာ တစ်ခုတည်းသော အချိန်ပိုင်းအလုပ် မဟုတ်ပေ။ ဇာတ်လမ်းရေးသူနှင့် သေမှုသေခင်း ဒီဇိုင်နာဆိုသော အချိန်ပိုင်းအလုပ်များလည်း ရှိလေသည်။ အေးဂျင့်ဖြစ်ရင် လိုအပ်ချက်က အလွန်နိမ့်ပြီး တက်သစ်စကာလပြီးသည်နှင့် စာရင်းသွင်းနိုင်သောကြောင့် ဖြစ်လေသည်။ ထိုစဥ် ဇာတ်လမ်းရေးသူနှင့် သေမှုသေခင်း ဒီဇိုင်နာမှာ တတိယတန်းစားနှင့် အထက်ဖြစ်ရန် လိုလေသည်။

ရှဲ့ချီ အရင်က မေးဖူးသည်။ ဆုချင်းသည် တတိယတန်းစား သရုပ်ဆောင်ဖြစ်သည်။ ဤအဆင့်တွင် အချိန်အတော်ကြာအောင် သူနေခဲ့ပြီး သူ့ခေါင်းစီးကို အဆင့်မြှင့်ရန် အလောတကြီး အစီအစဥ်မရှ်ိပေ။ ထိုအစား ဇာတ်လမ်းရေးသူနေရာကို စိတ်ဝင်စားလေသည်။ ဖုတ်သရဲ ချစ်သူက သူ၏ ပွဲဦးထွက်ပင်။

အချိန်ပိုင်း ဇာတ်လမ်းရေးသူ၏ ဆုက ဇာတ်ကား၏ အရည်အသွေးနှင့် ဆက်စပ်နေသည်ကို ဆုချင်းမြင်ခဲ့သည်။ ဖုတ်သရဲချစ်သူသည် ခရမ်းရောင်ဇာတ်ကား ဖြစ်ပြီး ခရမ်းရောင်ကား၏ ခြုံငုံသုံးသပ်ချက်တွင် ပထမရပါက အမှတ် ၅၀၀ ရလေသည်။ ထို့ကြောင့် ဆုချင်းက ဖုတ်သရဲ ချစ်သူကို ရေးပြီးနောက် ပထမနေရာ ရလဒ်၏ ငါးပုံတစ်ပုံ အမှတ် ၁၀၀ ကို ရခဲ့လေသည်။

သိပ်မများလှသော်လည်း ဇာတ်ကားထဲတွင် သေနိုင်ခြေနှင့် ယှဥ်လိုက်ပါက ဤအမှတ်များမှာ လွယ်လွယ်လေး ရလာခြင်းဖြစ်သည်။ အကယ်၍ ပိုမိုအရည်အသွေးမြင့်သော ဇာတ်ညွှန်းကို ရေးသားနိုင်ခဲ့ပါက ဆုများသည်လည်း ပိုမြင့်လာပေမည်။ လိမ္မော်ရောင် ဇာတ်ကားတစ်ကားက အမှတ် ၂၀၀ ရပြီး အနီရောင်မှာ အမှတ် ၄၀၀ ဖြစ်သည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now