Arc 4 အပိုင်း {၇၂} (Z+U)

6.6K 1.5K 270
                                    

၁၅၅၂ သရဲခြောက်သောအိမ်ကြီး (၄)

UNICODE

တံခါးခေါက်သံထွက်လာသည်။ ရှဲ့ချီနှင့် လုဝမ် စကားပြောနေသည်ကို ချက်ချင်းရပ်လိုက်ကြသည်။ ရှဲ့ချီ သွားပြီး တံခါးဖွင့်လိုက်သည်။ တံခါးအပြင်တွင် ခပ်ဝဝစားဖိုမှူး ရပ်နေသည်။ "အချိန်ကျပြီ။ ဆင်းမလာကြသေးလို့ ညစာစားဖို့အချိန်ရောက်ပြီဆိုတာ လာပြောတာ။"

ရှဲ့ချီ သူ့လက်ပတ်နာရီကို လှမ်းကြည့်လိုက်သောအခါ ခြောက်နာရီခွဲနေပြီ ဖြစ်​ကြောင်း တွေ့လိုက်ရသည်။

"အဲ့ဒါဆို ဆင်းကြရအောင်။" ရှဲ့ချီက သူ့ပစ္စည်းတွေကို သိမ်းနေသည့်လုဝမ်ကိုလှမ်းကြည့်လိုက်ပြီး လိုက်သွားသည်။

သူအောက်ထပ်ဆင်းနေစဥ် ရှဲ့ချီက စားဖိုမှူးဘေးမှဖြတ်သွားကာ မေးလိုက်သည်။ "ဒီအိမ်ရဲ့ အရင်ပိုင်ရှင်အကြောင်းကို မေးလို့ရလား။"

စားဖိုမှူးက သူ့ကိုကြည့်ပြီး ဇဝေဇဝါ​ဖြစ်သွားသည်။ "ဘာဖြစ်လို့လဲ။"

"ဘာမှမဖြစ်ပါဘူး။ အခန်းထဲမှာ အလှဆင်ထားတာတွေက တော်တော်စိတ်ဝင်စားစရာကောင်းလို့ သိချင်သွားလို့ပါ။" ရှဲ့ချီက မနှစ်မြို့ဟန်အပြုံးနှင့် လှေကားအောက်ဆင်းသွားသည်။ "အမှန်တိုင်းပြောရရင် ကျွန်တော့်အခန်းထဲမှာ မျောက်ခေါင်းပန်းအိုးကြီးရှိနေတာ။ တွေ့တုန်းကဆို လန့်သွားတာပဲ။"

စားဖိုမှူးက ပြုံးပြလိုက်ပြီး သူ၏ မျက်လုံးများကို အစင်းကြောင်းဖြစ်သွားသည်အထိမှေးကျဥ်းသွားသည်။ "မင်းက အရမ်းကြောက်တတ်တာပဲ။"

"ဘယ်သူက ထင်ထားမှာလဲ။" ရှဲ့ချီ မျက်နှာပူသွားရသည်။

စားဖိုမှူးက ရှင်းပြသည်။ "တကယ်တော့ ကျွန်တော်လည်း သိပ်မသိဘူးဗျ။ ဇိမ်ခံအိမ်ကြီးမှာ ​ခြောက်ရက်နေဖို့ မဲပေါက်ခဲ့တာမင်းတို့မလား။ ကျွန်တော့်ကို မင်းတို့ ဝေယာဝစ္စတွေကူပေးဖို့ ခဏငှားထားတာ။ ဒီအိမ်မှာ လူတွေမနေတာကြာပြီဆိုတာတော့ တိုးတိုးလေးပြောပြမယ်။ ဒီကို ရောက်လာစတုန်းကလေ ဖုန်တွေထူနေပြီး စားစရာလည်းမရှိဘူး။ ကျွန်တော့်ဖာသာ နှစ်ရက်နဲ့ တစ်ည​တောင် သန့်ရှင်းရေးလုပ်ခဲ့ရတယ်။ ပြီးတော့ အိပ်ရာခင်းတွေ စောင်တွေလည်း အကုန် လျှော်လိုက်သေးတယ်။ မင်းတို့က ဒီကို လာနေကြမှာကိုး..."

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now