Arc 5 အပိုင်း {၁၁၅} (Z+U)

6.3K 1.3K 123
                                    

Surprise \(≧▽≦)/

ရှင်လျက်နှင့် ငရဲကျခြင်း (ဇာတ်သိမ်းပိုင်း)

UNICODE

[ဖာ့ခ် သားချီက ရှေ့ဖြစ်ဟောသူဟ။]

[ဇာတ်ညွှန်းကို ကိုင်ထားတဲ့သူ။]

[သားချီက တတိယတန်းစား သရုပ်ဆောင်ကို သတ်နိုင်တယ်ဆိုတာ အချက်နဲ့အလက်နဲ့ သက်သေပြပြီးသား။ တတိယတန်းတောင် မရောက်သေးတဲ့ ကျိရှင်းချန်ကများ သွားယှဥ်ရဲပြီး ကျောက်တူရသွားတယ်လေ။]

[ဦးနှောက်မရှိတဲ့လူတွေက​တော့ အမြဲစိတ်ကူးယဥ်နေမှာပဲ:  ငါလုပ်နိုင်တယ်လို့ထင်တယ်။ တစ်ခြားသူတွေက ကံကောင်းသွားတာ။]

တတိယ ပြန်လည်မွေးဖွားခြင်းစက်ဝန်းမစတင်မီ ရှဲ့ချီသည် အကျဥ်းသားများအားလုံးကို စွမ်းအင်အညီအမျှ ဝေမျှခြင်းကို ပြီးအောင်လုပ်ရန် သိမ်းသွင်းလိုက်သည်။

တတိယစက်ဝန်းစတင်ပြီး မကြာခင် ပင့်ကူကြိုးမျှင်လှေကား ပြန်ပေါ်လာပြီး ဒီတစ်ခါတော့ မည်သူမှ ထိုအတွက်နှင့် ရန်မဖြစ်ကြတော့ပေ။

အကျဥ်းသားများသည် ရှဲ့ချီက ခွဲပေးထားသည့် အုပ်စုအတိုင်း လုပ်ဆောင်ကြသည်။ ပထမဆုံးအဖွဲ့က ပင့်ကူကြိုးမျှင်လှေကားပေါ် တက်လိုက်ပြီး အောက်ဆုံးထိ ဆင်းသွားသည်။ ပင့်ကူကြိုးမျှင်လှေကား တုန်ခါနေသည်မှာ ရပ်သွားကြောင်း အတည်ပြုပြီး​နောက် လူလေး၊ငါးယောက်ပါသည့် ဒုတိယအဖွဲ့ ဆင်းသွားကြသည်။ ထို့နောက် တတိယအဖွဲ့၊ စတုတ္ထအဖွဲ့...

ဂယက်ရိုက်နေသော ငရဲမှာ ပထမဆုံးအကြိမ်အဖြစ် အစီစဥ်ကျနေသည်။

မိနစ် ၂၀ ဝန်းကျင်ခန့် ကြာပြီးနောက် လူတိုင်းမှာ အအေးငရဲ၏ ရှစ်ထပ်မြောက်ထိ ဆင်းပြီးသွားကြပြီဖြစ်သည်။ ဤသည်က ငရဲ၏ အောက်ဆုံးထပ်ဖြစ်သော်လည်း ​ပင့်ကူကြိုးမျှင်က အောက်တစ်နေရာထိ သွားနေသေးသည်။ လူတိုင်းမှာ ခဏတာ တုံ့ဆိုင်းနေကြပြီး ဘယ်သူမှ ခုန်မဆင်းရဲကြပေ။ သူတို့ခြေထောက်အောက်ရှိ ကြီးမားလှသော တွင်းနက်ကြီးမှာ အလွန်မည်းမှောင်ကား နက်စောက်လှသည်။ ဒါက တကယ်ပဲ လူ့ပြ​ည်ကိုခေါ်သွားပေးမှာလား သူတို့မသိ။ တကယ်လို့ တစ်ခုခုများ မှားသွားခဲ့ရင်...

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now