Arc 4 အပိုင်း {၉၅} (Z+U)

6.3K 1.6K 245
                                    

၁၅၅၂ သရဲခြောက်သောအိမ်ကြီး (၂၇)

UNICODE

အငယ်မက ရှဲ့ချီကို ညာခဲ့သည်။ ရှဲ့ချီအားပေးခဲ့သော အငယ်မ၏ မှတ်ဉာဏ်ထဲတွင် ညီအစ်မနှစ်ယောက်မှာ 'နင်နဲ့ငါ' ရယ် မဟုတ်ဘဲ ရင်းနှီးခဲ့ကြသည်။ သို့သော် တကယ့်ဖြစ်ရပ်များတွင်ကား အကြီးမနှင့် အငယ်မ၏ ဆက်ဆံရေးမှာ ရေနှင့် မီးလိုပင်။

အကြီးမသည် ဆက်ဆံရေးကျဲပြီး နဂိုက ခံစားချက်ကင်းမဲ့ကာ အငယ်မမှာ ညင်သာနူးညံ့ပြီး ချစ်စဖွယ်ကောင်းလေသည်။ သေချာပေါက်ပင် သူတို့မိဘများက အငယ်မကို ပိုသဘောကျပြီး ထိုသည်က အကြီးမအား မနာလိုမရှုစိမ့်ဖြစ်စေလေသည်။ အကြီးမက သူ့ညီမကို မုန်းပြီး တွန်းတိုက်ခြင်း (သို့) ပေါ်ပေါ်ထင်ထင် ဆဲဆိုခြင်းများ ပြုလုပ်တတ်သည်။ အငယ်မက မိဘများ၏ အကြိုက်ဖြစ်အောင်  အပေါ်ယံတွင် ညင်သာကာ သ​ည်းခံပြီး အကြီးမကို ကြိတ်ပြီး လှည့်စားလေ့ရှိသည်။

နှစ်ယောက်သားမှာ တစ်ယောက်ကို တစ်ယောက် ရွံရှာမုန်းတီးရင်း ကြီးပြင်းလာကြသည်မှာ သူတို့၏ ခွေး သေသွားခဲ့သည့် ညအထိဖြစ်လေသည်။ အကြီးမသည် သူမကို လှုပ်နိုးခဲ့ပြီး ဂိုထောင်ရှိသည့် အောက်ထပ်သို့ ဆင်းသွားသည်။ အကြီးမက ခွေး၏ အလောင်းရှိရာသို့ သွားကာ သူမမျက်လုံးထဲတွင် သားရဲကောင်အလား အကြည့်ဖြင့် တစ်ခါတည်း ကိုက်ချလိုက်လေသည်။

အငယ်မမှာ လန့်သွားပြီး သူမ မိဘများကို အော်ခေါ်လိုက်သည်။ သူတို့ မိဘများရောက်လာကြသည်နှင့် အငယ်မက ကြောက်လန့်ကာ ငိုနေလေသည်။ သူမ အစ်မစားသောက်နေသည်ကို ကြည့်ပြီး သူမသည်လည်း သွားရေယိုလာသောကြောင့် ဖြစ်သည်။ သူမ၏ သွားရေမှာ ထိုအချိန်ခဏလေးအတွင်းတွင် များစွာထွက်လာခဲ့ပြီး ပါးစပ်ထောင့်မှပင် စီးကျလာလေသည်။

အငယ်မသည် သူမ၏ ထူးဆန်းသည့် တုံ့ပြန်မှုကြောင့် အံ့ဩသွားခဲ့ရသည်။ သူတို့ မိဘများရောက်မလာကြခင် အငယ်မက သွားရေကို တိတ်တဆိတ်သုတ်လိုက်ပြီး အကြီးမ၏ နတ်ဆိုးလို အပြုအမူအား မိဘများရှေ့တွင် စွပ်စွဲတော့သည်။ သူတို့၏ မိဘများက အကြီးမကို ဆူငေါက်ကြပြီး ထိုမြင်ကွင်းတွင် အကြီးမ၏ အမုန်းတရားများနှင့် မျက်လုံးများမှာ ကြောက်မက်ဖွယ်ရာ ကောင်းလေသည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now