Arc 5 အပိုင်း {၁၀၈} (Z+U)

6.4K 1.4K 111
                                    

ရှင်လျက်နှင့် ငရဲကျခြင်း (၁၀)

UNICODE

ရှဲ့ချီ၏ နှုတ်ခမ်းများ တန်းသွားသည်။

ပန်းချီကားတစ်ချပ်တည်းကိုအခြေပြုပြီး သုခဘုံမရှိဘူးဟု ကောက်ချက်ချက်သည်မှာ သေချာပေါက် သူ့စတိုင်မဟုတ်ပေ။ အနုပညာဆိုသည်မှာ အလွန်ကို ပုဂ္ဂိုလ်ရေးဆန်ပြီး လူအမျိုးမျိုးက ပန်းချီကားများကို အဓိပ္ပါယ်ကောက်ရာတွင် အတွေးအမြင်အမျိုးမျိုးရှိကြလေသည်။ ပန်းချီဆရာမက သူမ၏ အစစ်မှန်မဟုတ်သော စိတ်ကူးယဥ်မှုအတွက် မိမိကိုယ်ကို ဖျက်စီးလိုက်ခြင်းအား သူနားလည်​ပေးနိုင်သည်။ အနုပညာက ဘဝထက်ပိုပြီး ကြီးမြတ်သည်ဟု ခံယူထားသော ပန်းချီဆရာတစ်ယောက်က သူမ၏ ဂန္တဝင်လက်ရာကို ထာဝရထိန်းသိမ်းထားနိုင်ရန်အတွက် သူမကိုယ်သူမ စွန့်လွှတ်လိုက်မည်ဖြစ်သည်။ ထိုအရာများက အဓိပ္ပါယ်ရှိသော်လည်း ချီးမွမ်းမှုနှင့် ဝေဖန်မှုက မတူပေ။

သူ၏ ရုတ်ချည်းပေါ်လာသော အတွေးက တကယ်ကို ကြောက်စရာကောင်းနေခဲ့ခြင်းဖြစ်နေသည်သာ။

App က ပေးထားသည့် ဖြစ်စဥ်ကို အဆုံးသတ်နိုင်ရန် လိုအပ်သည်မှာ ငရဲမှ လွတ်​မြောက်ရန်ဖြစ်သည်။ နည်းလမ်းတစ်ခုကတော့ သေချာသည်။ အကျဥ်းကျနေစဥ်အတွင်း ဘာပြစ်မှုမှ မကျူးလွန်ပါက ပြစ်ဒဏ်ကျခံပြီးသည်နှင့် ကမ္ဘာလောကဆီသို့ ပြန်လွှတ်ပေးမည်ဖြစ်သည်။ သို့သော် ထိုသည်က အလွန်အင်မတန်ခက်ခဲသည်။ သူက မသတ်ချင်နေလျှင်တောင်မှ ပတ်ဝန်းကျင်၏ ခက်ခဲကြမ်းတမ်းသော အခြေအနေများက လူသတ်ရန် တွန်းအားပေးသည်။ ထွက်ပြေးနိုင်ရန် အခြေခံကျသည်က အသက်ရှင်နေဦးမှကိုး။ သူသာ အသက်မရှိတော့ပါက အဓိပ္ပါယ်မရှိတော့ပေ။

ထို့အပြင် အခြားသူများက သူ့ကိုသတ်ဖို့ရာ ကြိုးစားကြပေဦးမည်။ သူ့ကိုယ်သူကာကွယ်ရန်အတွက် သေချာပေါက် ပြစ်မှုကျူးလွန်ရမည်သာ။ သူရော သူ့ကိုကိုပါ နှစ်ယောက်လုံး လူသတ်ပြီးပြီဖြစ်သည်။ သူသာ သုခဘုံဆီသို့ဝင်နိုင်ပါက ပြီးသွားလိမ့်မည်ဟု တွေးမိခဲ့သော်လည်း အခု ဒီပန်းချီကားက...

ရှဲ့ချီ ရှဲ့ရှင်းလန်ကို မော့ကြည့်လိုက်ပြီး လမ်းညွှန်ပြလိုက်သည်။ "ဒီမစ်ရှင်ကို ပြီးဖို့လိုတာက ငရဲကနေ လွတ်အောင်လုပ်ဖို့ပဲ။"

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now