Arc 7 အပိုင်း {၁၆၅} (Z+U)

4.1K 949 161
                                    

တားရော့ ဂိမ်း (၁၅)

UNICODE

[ဖာ့ခ် ချကြတော့မှာဟ။]

[မဖြစ်ဘူး။ မချကြပါနဲ့ ဝူးဝူးဝူး!!]

[ဖာ့ခ် ဒီတစ်ခုကျ ထိပ်တိုက်တွေ့ပြီး လက်စသတ်ကြတော့မှာ။]

        ကျန်းရှော့၏ လှုပ်ရှားမှုများမှာ တစ်ပြိုက်နက်တည်း နီးပါးပင်။ လျှပ်စီးအလျင်အလား မြားနက်နှစ်ချောင်းသည် ရှဲ့ရှင်းလန်ဆီသို့ ပစ်ခွင်းသွားသည်။ ရှဲ့ရှင်းလန်သည် အစောကြီးကတည်းက ကြိုပြင်ထားပြီးဖြစ်သည်။ သူ၏ ဓားကို မြှောက်ကာလိုက်ပြီး နောက်ဆုတ်လိုက်သည်။ ကျန်းရှော့သည် သရဲအရေပြားကို မျက်နှာပေါ်၌ ကပ်လိုက်ပြီး သူ၏ အသားအရည်မှာ ဖြူဖပ်သွားသည်။ တစ်ချိန်တည်းတွင် သူ၏အင်အားသည်လည်း ထိုးတက်သွားသည်။

        တစ္ဆေသရဲအရိပ်အငွေ့မှာ နေရာတိုင်းတွင် ရှိနေသည်။ ဘေးပတ်လည်ရှိ အပူချိန်များမှာ ထိုးကျသွားပြီး ကောင်းကင်သည်ပင် ပိုမိုမည်းမှောင်သွားသည့်အလားပင်။ တစ္ဆေစွမ်းအင်မှာ လောက်များအလားပင်။ မှောင်မိုက်သည့်စွမ်းအင်မှာ သွေးပူပူထဲသို့ တိုးဝင်သွားပြီး ကိုယ်တွင်းအင်္ဂါများမှာ လေးပင်ကာ နာကျင်လာလေသည်။

        ရှဲ့ရှင်းလန်၏ မျက်နှာပေါ်သို့ သွေးများထိုးတက်လာပြီး သူ၏ လှုပ်ရှားမှုများမှာ အနည်းငယ်နှေးကွေးသွားသည်။ သွေးမိစ္ဆာဓားကို ကိုင်ထားသည့် သူ၏လက်ရှိ သွေးကြောများမှာ ဖုဖောင်းလာသည်။

        စကားတစ်ခွန်းမှ သူမပြောပေ။ သူ့ရှေ့ရှိ လျင်မြန်လှသော တိုက်ချက်များကို ခုခံရင်း အမြန်ပင် ရှဲ့ချီနှင့် ဆက်သွယ်လိုက်သည်။

        "ကိုကို ကျီးကန်းတွေကို လိုက်ရှာ။ တစ်ကောင်လောက်ရှာတွေ့ရင်ကို ရတယ်။"

        သူ့စိတ်ထဲတွင် ရှဲ့ချီ ပြောသည့်နှုန်းမှာ အတော်လေးကို မြန်နေသော်လည်း ကြောက်ရွံသည့် အရိပ်အယောင် လုံးဝမရှိပေ။ တည်ငြိမ်၍သာနေသည်။

        ရှဲ့ရှင်းလန် နားလ​ည်သည်။ မတိုက်ခိုက်ဘဲ အချိန်ဆွဲဖို့ရာ ဖြစ်သည်။ သူအမြန်ပင် တပ်ဆုတ်ကာ ကော်ရစ်ဒါတစ်လျှောက် အပြေးသွားလိုက်ပြီး အခန်းတစ်ခန်းပြီး တစ်ခန်းအမြန်ကူးကာ ပြတင်းပေါက်မှတစ်ဆင့် ကျီးကန်းများကို လိုက်ရှာလိုက်သည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now