Arc 6 အပိုင်း {၁၃၇} (Z+U)

5.6K 1.2K 60
                                    

ဆေးရုံ (၁၈)

UNICODE

ယိဟယ်စုန့်နှင့် တွေ့ပြီးပြန်လာသောအခါ ရှဲ့ယန်၏ လေးပင်နေသော ခံစားချက်မှာ ပိုမိုဆိုးရွားလာသည်။ ယိဟယ်စုန့် ပြောပုံအရ သရဲနက်မှာ သူနှင့် ပုံစံတော်တော်များများတူနေလေသည်။ အရပ်အမောင်း၊ ခန္ဓာကိုယ်ပုံစံနှင့် အိုင်တမ်များပင် တူနေသေးသည်။

ယိဟယ်စုန့်သည် သူ့အိုင်တမ်များကို မသိဘဲ သူ့ကိုလည်း တစ်ခါမှ သေချာမကြည့်ဖူးသောကြောင့် ယိဟယ်စုန့်က နားမလည်ပေ။ သို့သော် ရှဲ့ယန်ကတော့ သေချာသိမှရမည်။ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သရဲကဘယ်လိုလုပ် သရုပ်ဆောင်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ခိုးနိုင်မှာလဲ။ ဒါမှမဟုတ် သူ့ကိုလွှဲချဖို့ ​ဟန်ဆောင်နေတာလား။

ရှဲ့ယန် ခေါင်းခါလိုက်သည်။ မဟုတ်သေးဘူး။ ဒီလော့ဂျစ်​က အဓိပ္ပါယ်မရှိ။

သူ့ရှေ့မှ အလျင်မလိုနေသည့် ခြေလှမ်းများပေါ်လာပြီး နံရံထက်တွင် ဘာမှန်းမသိသည့် အရိပ်တစ်ခုက ယိမ်းလွင့်နေသည်။ ရှဲ့ယန် သတိတကြီး မော့ကြည့်လိုက်ပြီး ရှဲ့ချီကို တွေ့လိုက်ရ​လေသည်။ ပြတင်းပေါက်မှ မကောင်းသည့် အနီရောင်လရောင်က ရှဲ့ချီအား ဒေါင်လိုက်ရိုက်ခတ်နေကာ ထူးခြားနေဟန်ဖြစ်ပေါ်စေသည်။ ရှဲ့ယန်ကို စောင့်နေခဲ့ပုံရသည်။

ရှဲ့ယန် ရွံရှာသွားရသည်။ သူ အမြန်သွားလိုက်ပြီး မောက်မာသည့်စရိုက်နှင့် မေးလိုက်သည်။ "မင်း ဘာလုပ်နေတာလဲ။"

ရှဲ့ချီ မော့ကြည့်လိုက်သည်။ "မင်းက ဘာလို့များ အရမ်းမောက်မာနေရတာလဲ သိချင်လာလို့။"

"မင်း ဘာပြောချင်တာလဲ။" ရှဲ့ယန် လက်သီးဆုပ်ထားလိုက်သည်။

ရှဲ့ချီ လေးနက်စွာပင် မေးလိုက်သည်။ "မင်းငါ့ကို နိုင်ဖူးလို့လား။"

ရှဲ့ယန်က ဒေါသတကြီးတုံ့ပြန်လာသည်။ "ငါ့ကို ဒီနည်းနဲ့ စော်ကားစရာမလိုဘူး။"

"ဒါက စော်ကားနေတာမဟုတ်ဘူး။" ရှဲ့ချီ၏ မျက်လုံးများမှာ အမှန်တကယ်ကို နားမလည်နေပင်။ "ငါအမြဲထင်ခဲ့တာ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့လူတွေက သန်မာကြလို့ပေါ့။ ပြီးတော့ မင်းကိုလည်း တွေ့လိုက်ရရော မင်းလို စိတ်တိုအလွယ်ဆုံးလူတွေကမှပဲ..." ရှဲ့ချီ ခဏရပ်လိုက်ပြီး သူ၏ မျက်လုံးများက ရှဲ့ယန်၏ ဒေါသထွက်နေသော မျက်နှာဆီ ရောက်သွားသည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now