Arc 2 အပိုင်း {၂၆} (U)

7K 1.4K 208
                                    


UNICODE

သူနားလည်လိုက်သည့်အချိန်တွင် လုဝမ်၏ မျက်နှာကျောများ တော်တော်တွန့်သွား
ရပြီး သူ၏ စိတ်ထဲလည်း ရှုပ်ထွေးသွား
သည်။ အိုင်ကျူကွာခြားချက်ကို အတွေး
ကွာခြားချက်မှာပြသည်လား။

ရှဲ့ချီသည် ရွာလမ်းတစ်လျှောက် လျှောက်
လာရင်း အူတူတူ၊အတတ ဖုတ်နှစ်ကောင်
ကို ကိုင်တွယ်လာသည်။ ရွာအဝင်ဝတွင်
စောင့်နေရန် လုဝမ်အား အမူယာဖြင့်အချက်
ပြလိုက်သည်။ လုဝမ်သည်လည်း တုံ့ဆိုင်း
ခြင်းမရှိပဲ နားထောင်သည်။ အသက်အောင့်
ထားရင်း ခန္ဓာကိုယ်ကိုကွယ်ကာ ရွာအဝင်
ဝသို့ ပြန်ပြေးသွားသည်။

ယန်ကျင်းသည်လည်း ရွာအဝင်ဝတွင် စိတ်
ပူစွာစောင့်နေလေသည်။ ရင်းနှီးနေသည့်
လုဝမ်၏ခြေသံများကို ကြားသောအခါ အံ
ဩတကြီး မတ်တပ်ထရပ်သည်။ ရှဲ့ချီအ
ကြောင်းကို မေးမည်ပြင်တုန်း ရွာထဲမှ
ခြေသံပေါင်းစုံကို ကြားလိုက်ပြီး မျက်နှာ
ဖြူဖပ်သွားသည်။ "ဖုတ်ကောင်တွေက သူ့
နောက်ကို လိုက်လာနေတယ်။ အကိုရှဲ့၊သူ..."

လုဝမ်က အပြေးသွားပြီး သူ့ပါးစပ်ကိုအုပ်
လိုက်ကာ အသံအုပ်အုပ်ဖြင့် ရှင်းပြသည်။
"ဘာမှမဖြစ်ဘူး။ သူတို့က လိုက်ပဲလိုက်လာ
တာ။ အကိုရှဲ့ကို မတိုက်ခိုက်ဘူး။"

ယန်ကျင်း အံ့ဩသွားရသည်။ ဖုတ်ကောင်
တွေက အကိုရှဲ့ကို မတိုက်ခိုက်ဘူးတဲ့လား။

လုဝမ်သည် ခဏတာစဉ်းစားပြီးမှ ပြောလိုက်
သည်။ "ယန်ကျင်း ဒီနေရာက ခဏနေ ရှုပ်
ယှက်ခတ်ကုန်တော့မှာ။ပြီးရင် မင်းကိုလည်း
ဂရုစိုက်နိုင်မှာမဟုတ်ဘူး။ လာခဲ့တဲ့လမ်းအ
တိုင်း မင်းပြန်သွားနှင့်လိုက်။ပြီးမှ အကိုရှဲ့
နဲ့ ငါနဲ့ မင်းနောက်က လိုက်လာခဲ့မယ်။"

"ကောင်းပြီ" ယန်ကျင်းက အခြေအနေကို
နားမလည်သော်လည်း ရှဲ့ချီကို သူယုံသည်။
လုဝမ်တို နှုတ်ဆက်လိုက်ပြီး တောင်ခြေကို
အရင်ဆင်းသွားလိုက်သည်။

လုဝမ်သည် ရွာအဝင်ဝရှိ ကွေ့ကောက်နေသော သစ်ပင်အောက်တွင် မတ်တပ်ရပ်နေရင်း ရှဲ့ချီက တည်တည်ငြိမ်ငြိမ် ဖုတ်နှစ်ကောင်နှင့် 'စကားပြော'ရင်း လျှောက်လာသည်ကို ကြည့်နေသည်။ ရှဲ့ချီနောက်တွင် လိုက်လာသည့် ဖုတ် အကောင် သုံးလေးဆယ်လည်း ရှိလေသည်။ ဤသူစိမ်းကို နည်း
နည်းသုသယရှိနေပြီး နောက်ကလိုက်ကြည့်
ချင်နေပုံပေါ်သည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now