Arc 4 အပိုင်း {၈၉} (Z+U)

5.9K 1.4K 203
                                    

၁၅၅၂ သရဲခြောက်သောအိမ်ကြီး (၂၁)

UNICODE

အခန်းထဲတွင် ယွမ့်ဇျဲသည် စားပွဲနားတွင် ထိုင်နေပြီး ရှဲ့ချီ ဆေးပြန်ထည့်နေသည်ကို ကြည့်နေရင်း မေးလိုက်သည်။ "စားပွဲပေါ်က ဘယ်ဟင်းက လိပ်သားသံပူကပ်ဟင်းရဲ့ အခွဲလို့ မင်းထင်လဲ။"

ဟင်းတွေအကုန်လုံး စားလိုက်သည့်နောက်ကွယ်က ရှဲ့ချီ၏ ရည်ရွယ်ချက်ကို ယွမ့်ဇျဲ သဘောပေါက်လိုက်ပြီး နည်းနည်းသိချင်သွားသည်။ လုဝမ်လည်း လှမ်းကြည့်လာသည်။ ရှဲ့ချီက မျက်လုံးတောင် မော်မကြည့်လိုက်။ "ဂဏန်းပြုတ်။"

"သိပ်သေချာတယ်ပေါ့။" ယွမ့်ဇျဲ အံ့ဩသွားသည်။

"လိပ်သားသံပူကပ်ချက်နည်းက သန့်ရှင်းထားတဲ့ လိပ်အရှင်ကို ရေထဲထည့်ပြီး ပြတ်ဖို့ပဲ။ ရေအပူချိန်က ဖြည်းဖြည်းချင်း မြင့်လာပြီး လိပ်ကလည်း အပူကြောင့် စွပ်ပြုတ်ကို သောက်ဖို့ ကြိုးစားလိမ့်မယ်။ ဟင်းခတ်မှုန့်တွေနဲ့ စွပ်ပြုတ်က သူ့ဗိုက်ထဲကို ဝင်သွားလိမ့်မယ်။ နောက်ဆုံးကျ အထဲမှာစွပ်ပြုတ်ရှိပြီး အပြင်ကိုယ်ထည်က အသားက အရမ်းအရသာရှိလိမ့်မယ်။"

"ဖာ့ခ်" ယွမ့်ဇျဲ စိုက်ကြည့်လိုက်သည်။ "ငါထင်တာ လိပ်သားသံပူကပ်ဆိုတော့ သံပြားပေါ်များ ချက်သလားပေါ့။ အခု မင်းပြောပြမှပဲ ဘာလို့ ဂဏန်းပြုတ်ဖြစ်တာလဲ သဘောပေါက်တော့တယ်။"

ဂဏန်းသေများသည် အဆိပ်ရှိသောကြောင့် ရှင်လျက်ရှိနေစဥ်တွင် ချက်ရလေသည်။

ဂဏန်းပြုတ်ဟင်းမှာ သန့်ရှင်းထားသည့် ဂဏန်းအရှင်များကို ရေပွက်ပွက်ဆူထဲ ထည့်လိုက်ရလေသည်။ ဂဏန်းများမှာ အစတွင် မတုံ့ပြန်ကြ။ ထို့နောက် ရေအပူချိန်မြင့်လာသောအခါ ဂဏန်းများက ရုန်းကန်လာကြသည်။ ထိုအချိန်တွင် ဂဏန်းလက်များက အဖုံးကို ဖွင့်မည့်ရန်မှ ကာကွယ်ရန် အိုးအဖုံးကို သေချာပိတ်ထားရလေသည်။

ချက်ပြုတ်နေစဥ် ဘေးကလူများသည် အိုးအစွန်းကို ဂဏန်းများ ကုတ်ခြစ်နေသံအား သေချာကြားရလေသည်။ ကုတ်ခြစ်နေသည့်အသံက ဖြည်းဖြည်းချင်း သေးသေးသွားကာ နောက်ဆုံးတွင် တိတ်ကျသွားသည်။ ထိုသည်က ဂဏန်းများ ကျက်သွားပြီဟု ဆိုလိုခြင်းဖြစ်ပြီး ဆွဲဆောင်မှုရှိသည့် အနီရောင်သို့ ပြောင်းလဲသွားလေတော့သည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now