Arc 7 အပိုင်း {၁၇၂} (Z+U)

4.1K 917 99
                                    

UNICODE

တားရော့ ဂိမ်း (၂၂)

        ဖြစ်စဥ် စချိန်လောက်ကတည်းက မိုင်နာအာကာနာကတ် ၅၆ ကတ်မှလွဲ ကျန်တားရော့ကတ်များစွာအား ဇာတ်ကားထဲတွင် ဝှက်ထားသည်ကို သရုပ်ဆောင်များအားလုံး သိထားကြသည်။ ဒီဇာတ်ကားထဲတွင် တားရော့ကတ် ဘယ်လောက်များများ တကယ်တမ်းရှိနေသည်ကို ရှဲ့ချီ ဆက်တိုက် စဥ်းစားခဲ့သည်။

        တားရော့ကတ်များ ဆက်တိုက်ပေါ်ထွက်လာနေသည်က ထိုအရေအတွက်ကို တိုးသွားစေနေသည်။ ရသေ့က နတ်ဆိုးကတ်ကို ပြောလာသည့်အချိန်၌ ဖြစ်စဥ်ထဲတွင် မေဂျာအာကာနာကတ် ၁၅ ကတ်ပေါ်လာပြီဖြစ်သည်။ သရုပ်ကတ် ကိုးကတ်၊ ကစားသများကိုကူညီရန် ရသေ့ကတ်၊ စုန်းထီးကို ကူညီရန် မျှော်စင်ကတ်၊ နတ်ဆိုးကတ်နှင့် သေမင်းကတ် သုံးကတ်နှင့် နက္ခတ္တကတ် (ကြယ်နှင့်လ) နှစ်ကတ်တို့ဖြစ်သည်။

        မေဂျာအာကာနာအတွက်ကား စုစုပေါင်း ၂၂ ကတ်ရှိပြီး ကျန်နေသေးသည့်ကတ်များသည် အချိန်ကြာလာသည်နှင့်အမျှ ပေါ်လာခဲကြသည်။ ခုနစ်ကတ်သာလျှင် ကျန်တော့သည်။

        အရင်တစ်ခါက တားရော့ကတ်များအား ခွဲခြမ်းစိတ်ဖြာခြင်းနှင့်ပင်သက်ပြီး ယွမ့်ဇျဲနှင့် ယဲ့ရှောင့်ရှောင့်အား ရှဲ့ချီ ပြောပြခဲ့ဖူးသည်။ မပေါ်လာသေးသည့် ခုနစ်ကတ်ထဲတွင် သူတစ်စုတစ်စည်းထဲ ခွဲထုတ်ထားခဲ့သည့် စိတ္တဇကတ်  လေးကတ်ရှိနေလေသည်။ ထိုသည်မှာ စစ်ရထား၊ စွမ်းအားရှင်၊တရားမျှတမှု၊ စောင့်ထိန်းမှုနှင့် နေမင်းကတ်တို့ ဖြစ်ကြသည်။ ဆိုလိုသည်က ပိုမိုရှုပ်ထွေးလှသည့် ကတ်များမှာ တရားစီရင်ခြင်းနှင့် ကမ္ဘာလောကတို့ ဖြစ်ကြလေသည်။

            သူသာ ရဲတင်းစွာဆိုရမည်ဆိုပါက 'ဇာတ်ကားထဲမှာ တားရော့ ဘယ်နှစ်ကတ်ပါသလဲ' ဆိုသည့် မေးခွန်းအား ၂၁ ကတ် မဟုတ်လျှင် ၂၂ ကတ်ဟု ဖြေမည်ဖြစ်သည်။ သဘောမှာ မေဂျာအာကာနာကတ်အားလုံး ရှိနေပြီး အရာအားလုံးတွင် အဖြေရှိနေသည်ဟုပင်။ ကျန်ရှိနေသော တားရော့ခုနစ်ကတ်မှာ တည်ရှိနေသော်လည်း ဖြစ်စဥ်ထဲတွင် ဖွက်ထားလေသည်။ ဖြစ်ချင်တော့ ကျောက်တံခါးတွင် အမြောင်းလေးခုရှိနေသည်။ ရှဲ့ချီ စိတ်ထဲ၌ ခပ်ရေးရေးပုံပေါ်စပြုလာလေသည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now