Arc 6 အပိုင်း {၁၄၄} (Z+U)

5.6K 1.2K 215
                                    

ဆေးရုံ (၂၅)
ဇာတ်သိမ်းပိုင်း

UNICODE

သူတို့ ထင်ထားခဲ့သည့်ကမ္ဘာကြီးမှာ တကယ်တမ်း ကမ္ဘာအသေးလေးနှစ်ခု ပေါင်းစည်းခြင်းကြောင့် ဖြစ်တည်လာခဲ့လေသည်။ ပြန်လည်သင့်မြတ်ကြရန်မ​ဖြစ်နိုင်တော့ဟု တွေးခဲ့ကြသော သရဲအဖွဲ့နှင့် သရုပ်ဆောင်အဖွဲ့ကြားရှိ ပဋိပက္ခမှာ လုံးဝကို ရှိမနေခဲ့သည့်အတွက်ကြောင့် အရာအားလုံးမှာ ဖြေရှင်းရလွယ်ကူသွားတော့သည်။

အမှန်တရားကို ဖော်ထုတ်ပြနေသည့် မှန်တစ်ချပ် ရှိနေခဲ့လေသည်။ မှန်ပေါ်က အက္ခရာ 'c' က ဘာအဓိပ္ပါယ်လဲဆိုသည်မှာ အရေးမကြီးတော့ပေ။ အရေးကြီးသည်က မှန်ကိုယ်တိုင်ပင်။

မှန်ကို လူအများ သူတို့ကိုယ်ကို ဆန်းစစ်ပြီး အဝတ်အစားများကို ပြင်ဆင်နိုင်စေရန်အတွက် ဆေးရုံလော်ဘီ၏ အပေါက်ဝတွင် ချပေးထားခြင်းဖြစ်သည်။ သို့သော် ထိုသည်ကပဲ မိမိနှင့် မိမိကိုယ်ကိုကြားရှိ အချစ်အမုန်း ယှက်နွယ်နေမှုကို ရှင်းပြပေးနေလေသည်။ သူတို့ကိုယ်ကို မုန်းတီးနေကြသူများမှာ မှန်ထဲတွင် အကျည်းတန်လှသည့် သူတို့၏ သရဲပုံစံကိုမြင်ကြမည်ဖြစ်လေသည်။ အကြောင်းမှာ ၎င်းသည် မှန်တစ်ချပ်ဖြစ်ပြီး သူတို့၏ ပုံစံအစစ်အမှန်ကို ချပြပေးလေသည်။ သူတို့ကိုယ်သူတို့ မုန်းတီးကြသောသူများမှာ သူတို့ကို ညှာတာခြင်း အလျဥ်းမရှိဘဲ သတ်ပစ်မည့် သရဲကိုသာ သေချာပေါက် ရကြပေလိမ့်မည်။

ဒီဇာတ်ကားက သိပ်ကောင်းသည်ဟု ရှဲ့ချီ ထင်သည်။

ကောင်းသည့်အရာက ဖြစ်နိုင်ခြေတွေ မရေမတွက်နိုင်အောင် ရှိနေခြင်းပင်။ ဘယ်သူမှ ဒီမှန်ရဲ့ လျှို့ဝှက်ချက်ကိုမသိကြလျှင်တောင်မှ၊ လ၏ အမှန်တရားကို မဖော်ထုတ်နိုင်ကြလျှင်တောင်မှ သရုပ်ဆောင်နှင့် သရဲများ သဘောတူညီမှုရကြပြီး App ကပေးထားသည့် သတင်းအစား သူတို့ကိုယ်တိုင်ကို ယုံကြည်ချင်စိတ် ရှိကြသည်နှင့်၊ မည်သို့ပင်ဖြစ်စေ မယိမ်းယိုင်ကြသည်နှင့် ကောင်းကင်တစ်ခုထဲတွင် လနှစ်စင်းထွက်သည့်ည ကုန်ဆုံးသွားသောအခါ အားလုံး ထိခိုက်ခြင်းမရှိဘဲ ထွက်သွားနိုင်ကြမည်ဖြစ်သည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now