Arc 3 အပိုင်း {၆၃} (Z+U)

6.6K 1.6K 220
                                    

ခြောက်ခြားဖွယ်ရာ အစုံအလင် (၁၈)

UNICODE

အားနည်းသည့်သရဲက လက်ခုပ်တီးသံကို ကြားလိုက်ပြီး ဒီဖက်သို့ ပြေးလာကာ သူမ၏ ခြေသံများမှာ ကျယ်လာသည်။ ရှဲ့ရှင်းလန်လည်း အလင်းနှင့် အရိပ်ကြား ဖြတ်သန်းပြေးလွှားနေသည်။

တစ်ချိန်တည်းတွင် ယွမ့်ဇျဲမှာ အားနည်းသော သရဲနှင့် ဝေးရာကို ခိုးသွားနေပြီး ယိုကျင်က မှန်ချပ်ကြီးကို ခွဲပစ်လိုက်သည်။ သူ စိတ်ကြီးဝင်နေသည့်အချိန်တွင် သူ့​ခြေကျင်းဝတ်ကို ဖြူဖပ်ဖပ်လက်တစ်ဖက်က လှမ်းဆွဲလိုက်သည်။ ယိုကျင် အလန့်တကြား ငုံ့ကြည့်လိုက်သောအခါ လက်မှာ...မှန်ကွဲစထဲမှ ထွက်လာနေသည်ကို တွေ့လိုက်ရသည်။

လက်က သူ့​ခြေကျင်းဝတ်ပေါ်တက်လာပြီးနောက် မှန်ထဲမှ အသားကုန် လှမ်းဆွဲနေသည့် အထိအတွေ့ကို ခံစားလိုက်ရသည်။ ယိုကျင်၏ ခြေထောက်တစ်ဖက်လုံး မှန်ထဲ အဆွဲခံလိုက်ရသည်။ ယိုကျင် ချက်ချင်းပင် လက်ခုပ်တီးလိုက်သောအခါ လက်သည် မှန်ထဲသို့ ပြန်ဝင်သွားသည်။ ယိုကျင် လှည့်ပြေးသောအခါ မြေပြင်ပေါ်ရှိ မှန်ကွဲစများအားလုံးမှာ သရဲ၏ ကြားခံနယ်ဖြစ်သွားကြောင်း တွေ့လိုက်ရသည်။

သူ့မှာ...ပုန်းစရာနေရာမရှိတော့ဘူး။ လက်ခုပ်သုံးခါတီးနိုင်တဲ့ အခွင့်အရေးကလည်း မကြာခင် ကုန်တော့မယ်။

ဆယ်စက္ကန့်ကြာပြီးနောက် သူ့ပခုံးထက်တွင် ယားကျိကျိခံစားချက်ကို ယိုကျင် ခံစားလိုက်ရသည်။ စိတ်လှုပ်ရှားပြီး ပြေးနေရင်း ပခုံးကို ကိုင်ကြည့်လိုက်သောအခါ အေးစက်စက်လက်ချောင်းကြီးကို ထိမိလေသည်။ ရေခဲတိုက်ထဲ ပြုတ်ကျသွားသကဲ့သို့ ယိုကျင်တောင့်တင်းသွားသည်။ သူ မှန်ကွဲစများကို ကန်လိုက်သောအခါ မှန်ကွဲအစတစ်ခုက သူ့ပခုံးပေါ်ကျသွားသည်။ ဘယ်တုန်းက သူ့အင်္ကျီပေါ်ကပ်နေမှန်းမသိသည့် မှန်ကွဲစ တစ်ခုမှ လက်တစ်ဖက်လုံး ထွက်လာလေသည်။

ယိုကျင် သူ့အပေါ်ဝတ် အင်္ကျီကိုချွတ်လိုက်ပြီးလည်ပင်းတွင် ဆွဲထားသည့် အိုင်တမ်ကို သုံးလိုက်သည်။ သူ့တွင် စက္ကန့်အနည်းငယ်သာ အချိန်ရလေသည်...

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now