Arc 7 အပိုင်း {၁၆၀} (Z+U)

4.5K 1K 41
                                    

        တားရော့ ဂိမ်း (၁၀)

UNICODE

    "ဘာလဲ။ ရှဲ့ချီ မဟုတ်ဘူးလား။ ရှဲ့ချိုးယင် ဖြစ်နေတာလား။"

        ကျန်းရှော့ သတင်းကို ကြားသည့်အချိန်တွင် သူ၏ ဆိတ်ငြိမ်အေးစက်သော မျက်လုံးများထဲ၌ နက်နဲစွာ အံ့ဩသွားမှုနှင့် ပြည့်သွားသည်။

        ကူယွီ ခေါင်းညိတ်ပြလိုက်ပြီး အမြဲတမ်း မျက်နှာလိုမျက်နှာရလုပ်နေလေ့ရှိသည့် သူမှာ လေးနက်နေသည်။ ကျန်းရှော့က သေခြင်းအစဥ်ကြောင်း ပြောပြပြီးပြီဖြစ်ကာ ထိုယူဆချက်မှာ အတော်လေးကို ယုတ္တိရှိလေသည်။ ရှဲ့ချီတော့ ဧကန်မုချသေတော့မည်ဟု သူတို့ထင်ခဲ့သော်လည်း သေသွားသည်က ရှဲ့ချိုးယင်ဖြစ်နေသည်။

        သူတို့ သွားတဲ့လမ်းကြောင်း မှားနေတာလား။ သေခြင်းအစဥ်ကမှားနေတာလား။

           ရှဲ့ချိုးယင်၏ အပြုအမူများမှာ အနည်းငယ် သံသယဖြစ်ဖွယ်ရာကောင်းသောကြောင့် အာရုံပိုစိုက်ကြည့်ရန် ပြင်နေကြခြင်းဖြစ်သည်။ အခု ရှဲ့ချိုးယင်က သေသွားပြီဆိုတော့...

        ကူယွီက သူ့ခန့်မှန်းခြေကို ပြောကြသည်။ "အစားသေခိုင်းတာ ဒါမှမဟုတ် လူလဲလို့ရတဲ့ ကတ်များရှိနေတာလား။"

        ကျန်းရှော့၏ အမူအရာမှာ သုန်မှုန်နေသည်။ အမြန်ပင် ဆုံးဖြတ်ကာ အေးစက်စွာ အမိန့်ပေးလိုက်သည်။ "သွားကြည့်ကြမယ်။"

        ကူယွီ နောက်ကလိုက်သွားသည်။

        ရှဲ့ချိုးယင် သေသွားခြင်းက အရာအားလုံးကို ရှုပ်ထွေးသွားစေတော့သည်။

******************

        ရှဲ့ချီတို့ သုံးယောက်အုပ်စုမှာ ရှဲ့ချိုးယင်၏ အခန်းဆီသို့ အပြေးသွားလိုက်ကြပြီး ခုတင်ပေါ်ရှိ အလောင်းကိုမြင်သောအခါ အန်ချင်စိတ်အား ထိန်းမရလုနီးပါးပင် ဖြစ်သွားရသည်။ ရှဲ့ချီ၏ လည်ချောင်းမှာ လှုပ်ရှားသွားပြီး နှာခေါင်းကိုအုပ်ထားရင်း အန်ချင်စိတ်ကို ချိုးနှိမ်ထားရသည်။ ဘေးတွင်တော့ ပျို့တက်နေရင်း ယွမ့်ဇျဲမှာ မျက်နှာပျက်နေတော့သည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now