Arc 7 အပိုင်း {၁၅၂} Two (Z+U)

5K 1K 69
                                    

တားရော့ ဂိမ်း (၂) ဒုတိယပိုင်း

UNICODE

ရှဲ့ချီ သူ့အကြည့်ကို ပြန်ရုပ်လိုက်သည်။

ကျန်းရှော့ ဘာတွေးနေလဲ အတိအကျ သူသိသည်။ ကျန်းရှော့ ဘာမှမလု​ပ်ရဲသည့် အကြောင်းအရင်းက သူလာရဲသည့် အဓိကအကြောင်းအရင်းဖြစ်သည်။ ဘွင်းဘွင်းပြောရသော် ဇာတ်ကြောင်းကို စူးစမ်းနေစဥ်အတွင်း သူအချိန်ဆွဲထား၍ရသည်။ ကျန်းရှော့အား သူ့ကိုသတ်ခွင့်မပြုသည့်  ဇာတ်ကြောင်းသဲလွန်စတစ်ခုကို သူရှာနိုင်လိုက်သည်နှင့် (သို့) ဇာတ်လမ်း၏ လျှို့ဝှက်နက်နဲမှုကို အသုံးချပြီး အကူအညီယူပါက အရှုံးကို အနိုင်ဖြစ်အောင် သူပြောင်းလဲနိုင်သည်။

ရှန်ယိ၏ ကျေးဇူးကြောင့် ကျန်းရှော့မှာ အချိန်တိုအတွင်း သူနှင့်အတူ အနီရောင်ဇာတ်ကားထဲ လိုက်ဝင်နိုင်သည့်လူ များများစားစားမရှိပေ။ ထို့ကြောင့် ရှဲ့ချီမှာ သေဖို့မကြောက်ကြသည့် Pet အုပ်စုလိုက်ကြီးက ဝိုင်းတိုက်ပြီး အဖိနှိပ်ခံရလိမ့်မည်မဟုတ်ပေ။ ထိုသည်က ရှန်ယိ၏ ဒွိဟဖြစ်သည်။ သူ့ဟာ မဟုတ်။ တူညီသည့်အမှားများကို သူကျူးလွန်လိမ့်မည် မဟုတ်ပေ။

သူလုပ်ရမည်မှန်သမျှမှာ သူ့အသက်ကို တန်ဖိုးထားပြီး ဗီဇက သံသယကြီးတတ်သည့် ဇာတ်ကားဧကရာဇ် ကျန်းရှော့နှင့် ထိပ်တန်းသရုပ်ဆောင် ကူယွီဖြစ်သည်။

ရှဲ့ချီတွင် အခွင့်အရေးမရှိသည်မျိုး မဖြစ်ရအောင် ရှန်ယိက အခြေအနေကို ဖန်တီးပေးခဲ့သည်။ သေချာပေါက် အခြေခံက အဓိကဇာတ်ကြောင်းကို ရှာနိုင်မှဖြစ်မည်။

"ရှဲ့ချီ!" နိုးလာသည့် ယွမ့်ဇျဲက လမ်းလျှောက်လာပြီး ကျန်းရှော့က ရှဲ့ချီအား ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ကျန်းရှော့က ရှဲ့ချီအား တစ်ခုခုလုပ်လိုက်မည်စိုးသဖြင့် သတိကြီးစွာဖြစ်နေလေသည်။

ရှဲ့ချီ သူ့ကို နှစ်သိမ့်လိုက်သည်။ "ရတယ်။ အခုလောလောဆယ်တော့ ငါ့ကို တိုက်သေးအုံးမှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီအန္တရာယ်ကင်းမဲ့အချိန်ကလဲ အကြာကြီးတော့ မဟုတ်ဘူး။"

ယွမ်ဇျဲ့မှာ အကြောင်းရင်းကို နားမလည်သော်ငြား အများကြီးမေးမနေတော့ပေ။ ရှဲ့ချီ၏ အချိန်ကို ဆွဲမထားချင်မိပေ။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now