အပိုင်း {၁၄၈} (Z+U)

5.5K 1.1K 440
                                    

မျိုးရိုးဗီဇ

UNICODE

ရှဲ့ချီမှာ ရုတ်တရက် ထိုစကားကို ကြားလိုက်ရပြီး ဘာကြောင့်ရယ်မသိ ထူးထူးဆန်းဆန်း ခံစားချက်ရလိုက်သည်။ သူ မျက်မှောင်ကြုတ်ကာ မျက်လုံးများကို မှိတ်လိုက်ပြီးမှ ပြန်ဖွင့်လိုက်သည်။ သူ၏ ကိုယ်ခန္ဓာတစ်ခုလုံးကို ဘယ်ကမှန်းမသိ ရောက်လာသည့် ခံစားချက်တစ်ခုဖြင့် လွှမ်းခြုံခံလိုက်ရသလို ခံစားလိုက်ရသည်။ နည်းနည်းတောင် မကောင်းသလိုပင်။ ဒီ မသိစိတ်ကခံစားမိနေခြင်းက သူ၏ ကိုယ်ရည်ကိုယ်သွေးမှ ရောက်လာသည်လား သူမသိပေ။

ရှဲ့ချီ ခေါင်းမော့လိုက်ပြီး ဤရုပ်တုကို အခြေခံထားသည့်သူ၏ အကြောင်းကို ပိုမိုသိချင်လာသည်။ အခြားအကြောင်းအရာများကို စိတ်ရှိတိုင်း မေးတော့သည်။

အဘိုးကြီး၏ မျက်လုံးများ တဖြတ်ဖြတ်ဖြစ်သွားကာ ငြင်းလေသည်။ "ဒါက ကိုယ်ရေးကိုယ်တာမလို့ App က ငါ့ကို ပြောခွင့်မပေးထားဘူး..."

ရှဲ့ချီက သူ နားလည်ကြောင်း ပြသည်။ "ကျွန်တော် စည်းကျော်မိသွားတာပါ။"

အဘိုးကြီးက ရှဲ့ချီအား ခန်းမပတ်လည်ကို လိုက်ပြပြီးနောက် အပြင်သို့လိုက်ပို့သည်။ ရှဲ့ချီက ရပ်လိုက်ပြီး ဘာမျှော်လင့်ချက်မှ မရှိဘဲ အဘိုးကြီးကို မေးလိုက်သည်။ "App ရဲ့ သမိုင်းထဲမှာ လျန်ရှီလို့ခေါ်တဲ့ လူတစ်ယောက် ရှိလား။"

မျိုးရိုးဗီဇ စီစဥ်ခြင်းနှင့် ပေါင်းစပ်ခြင်းတို့ကို တီထွင်ခဲ့သည့် သူ့ကမ္ဘာ၏ အကောင်းဆုံးသိပ္ပံပညာရှင်မှာ App ကို လာခဲ့သလားဆိုသည်ကို ရှဲ့ချီ အမြဲသိချင်ခဲ့လေသည်။ အဘိုးကြီး၏ ကိုယ်ထည်မှာ ရုတ်တရက် ရပ်သွားသည်။

ရှဲ့ချီက သူ၏ ခန္ဓာကိုယ် လှုပ်ရှားမှုကို သတိထားမိလိုက်ပြီး အံ့ဩသွားသည်။ "ရှိတယ်မလား။"

အဘိုးကြီးက သူ့ကို ပြန်ဆွဲသွင်းလိုက်ပြီး ဝင်ပေါက်ကို ကျော်ကာ တီးတိုးပြောလိုက်သည်။ "အဲ့ဒီနာမည်ကို ဘယ်ကကြားလာတာလဲ။"

"လျန်ရှီလို့ခေါ်တဲ့ သိပ္ပံပညာရှင်ရှိတဲ့ ကမ္ဘာကနေ ကျွန်တော်လာတာ။"

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now