အပိုင်း {၁၄၅} (Z+U)

6.1K 1.1K 81
                                    

အနီရောင် ဇာတ်ကား

UNICODE

[ဟားဟားဟားဟားဟား ဘယ်နားကနာလဲ သူသိတယ်။]

[သရဲချီက တကယ်ရက်စက်ချက်ပဲ။ လုပ်တာကောင်းတယ် ဟားဟား!]

[နတ်ဘုရားချီ ဆဲတာ တကယ် ဟားဟားဟား ရှားတယ်ဟေ့။ ငါ သည်းမခံနိုင်တော့ဘူး။]

[ဝူးဝူးဝူး သားချီနှစ်ယောက်လုံး အရမ်းချစ်ဖို့ကောင်းတယ်။ နှစ်ယောက်လုံးကို လိုချင်တယ်။]

ရှဲ့ရှင်းလန်နှင့် သရဲရှဲ့ရှင်းလန်တို့မှာ သူတို့ရှဲ့ချီ အသီးသီးကို ချော့လိုက်ရပြီး ပဋိပက္ခတစ်ခု ပြေလည်သွားတော့သည်။ သရဲရှဲ့ချီသည် ရှဲ့ချီကို မျက်တောင်ပုတ်ခတ် ပုတ်ခတ်နှင့် သူ့အမှားကို ဝန်ခံ​နေသည့်ပုံပင်။ ရှဲ့ချီ စိတ်ထဲတွင် သဘောတကျ ရယ်လိုက်မိသည်။ ထို့နောက် မျက်နှာသေဖြစ်သွားကာ လိုရင်းကို မေးလိုက်သည်။ "နောက်ကျ ဘာတွေစီစဥ်ထားလဲ။"

သရဲရှဲ့ချီသည် သူ့ဘေးရှိ သရဲရှဲ့ရှင်းလန်ကို ကြည့်လိုက်ကာ ပြုံးသည်။ "ငါ့မှာ ဘာအစီအစဥ်မှ မရှိဘူး။ ဒီအတိုင်း ဒီမှာပဲ ပြန်စတော့မယ်။"

သူ၏ လေသံမှာ ဇာတ်ကားကမ္ဘာထဲတွင် နေခဲ့ရသည့်အတွက် မကျေနပ်ခြင်းမရှိဘဲ အေးဆေးနေသည်။ ထိုသည်ထက် ဒီပုံစံကို ကျေနပ်နေသေးလေသည်။ ရှဲ့ချီ အံ့ဩသွားရသည်။ သူ့မျက်လုံးများက သရဲရှဲ့ချီနှင့် သရဲရှဲ့ရှင်းလန်ကြား ခဏခဏ လှည့်ပြောင်းကြည့်လိုက်ပြီးမှ ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားပြီး ဖြည်းဖြည်းချင်း ပြုံးလိုက်သည်။

လူတစ်ယောက် နေရာတစ်ခုမှ ထွက်သွားဖို့ရာ တွန့်ဆုတ်နေခြင်းမှာ အကြောင်းအရင်းနှစ်ခုကြောင့် ဖြစ်သည်။ တစ်၊ သူတို့နှင့် သိပြီး ဂရုစိုက်ရတဲ့ လူတွေရှိနေ၍။ နှစ်၊ ထိုနေရာမှာ နေရသည်က သူတို့ကို သက်တောင့်သက်သာဖြစ်စေ၍ပင်။ Pet ကြောင့်ပင် သူသည် သူ၏မူလကမ္ဘာကို သဘောမကျခဲ့။ မိသားစု မေတ္တာမပြောလေနှင့် သူငယ်ချင်းပင် မရှိသလောက်ရှားလေသည်။ ထို့ကြောင့် သရဲရှဲ့ချီက ထိုကမ္ဘာကို မလွမ်းသည်မှာ ပုံမှန်ပင်။ ထိုကမ္ဘာမှ ထွက်ခွာလာလိုက်သည်က မကောင်းသည့်မှတ်ဉာဏ်တချို့ကိုပင် မေ့သွားစေပေလိမ့်မည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now