Arc 3 အပိုင်း {၆၂} (Z+U) Two

6.2K 1.6K 201
                                    

ခြောက်ခြားဖွယ်ရာ အစုံအလင် (၁၇)
ဒုတိယပိုင်း

UNICODE

"ဟင်" ရှဲ့ရှင်းလန်၏ နှလုံးသားမှာ တင်းကြပ်သွားသည်။

ရှဲ့ချီ၏ စကားလုံးများမှာ အတော်ကို သတိထားပြောလိုက်သည်။ "သူက တူတူပုန်းတမ်း ကစားတဲ့နေရာမှာ သရဲနေရာက 'ကစား' ရတဲ့ 'လူ' လိုမျိုးပဲ။ တကယ်တော့ မှန်ထဲက အားကြီးတဲ့သရဲကို ဖယ်ထားလိုက်မယ်ဆိုရင် ကျွန်တော်တို့နဲ့ အားနည်းတဲ့ သရဲကြားက ဂိမ်းက တကယ့်လောကထဲက တူတူပုန်းတမ်း ကစားနည်းအများစုနဲ့ အတူတူပဲရယ်။ လူအများကြီးက ပုန်းကြပြီး တစ်ယောက်က သရဲလုပ်တယ်။ ခွန်အားကအတူတူရှိရင်ရှိ မဟုတ်ရင် အရမ်းကြီး မကွာကြဘူး။ ဘာအထူးစွမ်းအားမှမရှိဘဲ လှုပ်ရှားနေရင်း အသံလည်းထွက်တယ်။ ကျွန်တော်တို့ရဲ့ ဂိမ်းကဝင်္ကပါထဲ ဖြစ်နေတာလေးတစ်ခုပဲ။ "

ထိုစကားလုံးများကြောင့် ရှဲ့ရှင်းလန် မျက်မှောင်ကြုတ်သွားသည်။

သရဲ နာမည်တပ်ခံရတာ...

အလွန် အရေးကြီးသည့် တစ်စုံတစ်ခုနှင့် အတော်ကို နီးစပ်လာပြီဟု ရှဲ့ချီ ခံစားလိုက်ရသည်။

မှန်ထဲတွင် အားနည်းသောသရဲသည် မတ်တပ်ရပ်လိုက်ပြီး နောက်ထပ် လိုက်ဖမ်းရန် စတင်နေပြီဖြစ်သည်။ ရှဲ့ရှင်းလန်သည် ထိုအချိန်၌ သရဲမကို လိုက်ဖမ်းထားသောကြောင့် သူနှင့် သရဲမက သိပ်မကွာဝေးနေပေ။ ယခု အားနည်းသောသရဲ၏ ခြေသံများမှာ တဖြည်းဖြည်း နီးကပ်လာနေပြီဖြစ်သည်။

ရှဲ့ရှင်းလန် ကြေညာလိုက်သည်။ "သူ ကိုယ့်ကို မခြိမ်းခြောက်နိုင်တော့ဘူး။"

"ကျွန်တော် သိတယ်။"

သူတို့အတွက် အကြီးဆုံး အန္တရာယ်မှာ မှန်ထဲရှိ အားကြီးသော သရဲဖြစ်သည်။ အားကြီးသောသရဲ၏ ကန့်သတ်ချက်များနှင့် စွမ်းအားများကို မှန်းထားလျှင်တောင်မှ အားကြီးသောသရဲသည် အလွန် အန္တရာယ်ကြီးသည်ဟူသော အချက်ကို မပြောင်းလဲနိုင်ပေ။ ထိုအချိန်တွင် အားနည်းသောသရဲမှာ သူတို့ကို ဘယ်လိုမှ မခြိမ်းခြောက်နိုင်တော့။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now