Arc 3 အပိုင်း {၆၅} (Z+U)

7.1K 1.8K 507
                                    

ခြောက်ခြားဖွယ်ရာ အစုံအလင် (၂၀)
ဇာတ်သိမ်းပိုင်း

UNICODE

"ကြေးမုံလောကထဲဝင်လိုက်ရင် ရပြီ။" ရှဲ့ချီ ပြောလိုက်သည်။ "ပြီးတော့ ကြေးမုံလောကထဲ ဝင်ရတဲ့နည်းကလည်း အသိသာကြီး။"

ရှဲ့ရှင်းလန် ထပ်ပြောသည်။ "အခေါင်းထဲဝင်လှဲပြီး အဖုံးကိုပိတ်။"

ရှဲ့ချီ ရယ်လိုက်သည်။

ရှဲ့ရှင်းလန်က စကားပြောနေရင်း အခေါင်းဆီ သွားလိုက်သည်။ "ကိုယ်က 'အားနည်းတဲ့ သရဲ' ဖြစ်နေပေမဲ့ အဲ့ဒါက တူတူပုန်းတမ်းကစားနည်းမှာ နာမည်တပ်ခံရတာတစ်ခုပဲ။ ဘွင်းဘွင်းပြောရရင် ကိုယ်က လူသားပဲဖြစ်နေတုန်း။ ဆန့်ကျင်ဖက်စည်းမျဥ်းက မှန်အပြင်ဖက်မှာ သရဲတွေက လူတွေကို လိုက်ဖမ်းတယ်။ အဲ့ဒါဆို မှန်ထဲမှာသာဆိုရင် သေချာပေါက်...လူတွေက သရဲတွေကို လိုက်ဖမ်းရမှာပေါ့။"

သူ့လေသံက ပေါ့ပါးကာ ရန်သူ၏ အလောင်းကို ထုတ်လိုက်ပြီး ထာဝရ သုဿန်ထဲတွင် လှဲလျောင်းလိုက်ရာတွင် ရှုပ်ထွေးမှုရှိမနေခဲ့။

ရှဲ့ရှင်းလန် သူ၏ သွယ်လျသောခြေတံများကို ပူးလိုက်ပြီး ကျောနှင့် ခေါင်းက ​ဖြောင့်မတ်စွာဖြင့် လက်ကို ဗိုက်ပေါ်တင်ထားသည်။ သူ၏ ဖြူဖပ်နေသော အသားရည်၊ မည်းနက်နေသော အဝတ်အစားများနှင့် ထူးခြားနက်နဲသော မျက်နှာသွင်ပြင်များက သေခြင်းကို ကိုယ်စားပြုသော အခေါင်းနှင့် ပေါင်းလိုက်သောအခါ အုတ်ဂူထဲတွင် အိပ်ပျော်နေသော ချောမောသည့် သွေးစုပ်ဖုတ်ကောင်အလားပင်။

ရှဲ့ရှင်းလန်သည် အခေါင်းဖုံးကို သူ့အပေါ်မှာ ပြန်ထားလိုက်ပြီးနောက် မျက်လုံးများကို မှိတ်လိုက်သည်။

*********

[ဝက်သားဖတ်??? ငါ နားမလည်တော့ပြန်ဘူး။]

[သူ့ကို အားကြီးတဲ့သရဲက ထိန်းချုပ်ထားတာလား။ ဘာလို့ အခေါင်းထဲ ဝင်လှဲနေတာလဲ။]

[အားးးး ချောလိုက်တဲ့ သွေးစုပ်ဖုတ်ကောင်လေး ချီ။]

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now