Arc 2 အပိုင်း {၃၇}(Z+U)

6.9K 1.6K 96
                                    

             ဖုတ်သရဲ ချစ်သူ အပိုင်း (၂၀)

UNICODE

မနက်ခင်း သုံးနာရီကြီးတွင် ကျောက်အိမ်တော်မှ ထွက်​လာပြီးနောက် ယွဲ့ရှုံ့မင် ပြေးပြီးရင်း ပြေးနေခဲ့သည်။ မိုးသည်းနေသောကြောင့် လမ်းပေါ်တွင် မည်သူမျှမရှိ။ သူ့ပတ်လည်၌ မည်းမှောင်နေပြီး သူ့မျက်နှာထက် သွေးများကုန်ကာ ဖြူဖပ်သွားရင်း ယွဲ့ရှုံ့မင် ရုတ်တရက် ရပ်သွားသည်။ သူ့ရှေ့တွင် လမ်းမရှိတော့။

သူ နောက်ပြန်လှည့်ကြည့်လိုက်သည်။ အမှောင်ထဲ၌ တစ်စုံတစ်ခုက ပုန်းကွယ်ဟန်ရှိသည်။ သူ၏ မျက်ဝန်းများ ​မှေးကျဥ်းသွားပြီး တစ်ကိုယ်လုံးရှိ အမွှေးများထောင်လာသည်။ ယွဲ့ရှုံ့မင် သူ့ မျက်ခုံးမွှေးထက်ရှိ ရေများကိုသုတ်လိုက်ကာ အမှောင်ထဲ ရဲတင်းစွာ စိုက်ကြည့်လိုက်သည်။ နောက်တစ်ဏကြာသော် သူ သက်ပြင်းချလိုက်သည်။ လိုက်မမှီလာဘူးပဲ။

သူ လာသည့်လမ်းအတိုင်း ပြန်လျှောက်သွားခဲ့သည်။ တိတ်ဆိတ်သည့် လမ်းကြားထဲဝင်လိုက်ကာ သစ်သားအိမ်စုတ်လေးကို တွေ့သွားသည်။ သူ စဥ်းစားလိုက်ပြီး ဘေးတိုက်သွားကာ တံခါးကို ညင်သာစွာပိတ်လိုက်သည်။

ယွဲ့ရှုံ့မင် အေးစက်နေသည့်နံရံတွင် ကျောမှီထားလိုက်ပြီးမှ အသက်ရှူနိုင်တော့သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ချွေးပေါက်သေးသေးလေးများကအစ လေကို အလုအရက်ရှူနေကြသည်။ ချွေးသီးလုံးများလည်း အဆက်မပြတ်စီးကျနေပြီး ယွဲ့ရှုံ့မင် လျှော့ခ်ရနေလေသည်။

လွန်ခဲ့သည့်သုံးရက်က ကိစ္စများရှုပ်ထွေးနေသည်ကို အခွင့်ကောင်းယူကာ သူ မိန်းမပျိုများ စံအိမ်မှ ထွက်​ပြေးလာခဲ့သည်။ သူ နေ့တစ်ဝက်လောက် ခြေဥိးတည့်ရာလျှောက်သွားနေပြီးမှ ကျောက်အိမ်တော်သို့ သွားစုံစမ်းရန် ဆုံးဖြတ်လိုက်တော့သည်။

သူ့မှာလည်း ရွေးချယ်စရာမရှိ။ အရင်တစ်ခါ သူ ယန်ကျင်းကို ပြန်ပေးဆွဲမိတုန်းက သူ့ကို ခြိမ်းခြောက်ခံရလို့သာ။ ရှဲ့ချီ သူ့ကို လွှတ်ပေးလောက်စရာပင်။ သို့သော် ဒီတစ်ခါက လုံးဝမတူ။ ယန်ကျင်းကို သတ်လိုက်သည်က အဖြူရောင် ဇီးသီးပန်းဖြစ်သော်လည်း သူသာမတွန်းလိုက်ပါက သေသွားလိမ့်မည်မဟုတ်ကြောင်း ယွဲ့ရှုံ့မင်သိသည်။ ရှဲ့ချီကလည်း အလွန်ဉာဏ်ကောင်းသောကြောင့် သေချာပေါက် ဖြစ်သမျှအကုန် တွေးမိမှာပင်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now