Arc 6 အပိုင်း {၁၂၀} (Z+U)

9.3K 1.3K 94
                                    

ဆေးရုံ (၁)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ဆေးရုံ (၁)

UNICODE

ရှဲ့ချီ ပြန်သွားသည့်အချိန်၌ ရှန်ယိသည် လူသူမရှိသည့်အဆောက်အအုံထဲ တစ်ယောက်တည်း မတ်တပ်ရပ်နေလေ၏။ မှန်ပြတင်းမှတစ်ဆင့် ခေတ္တကြာအောင် အောက်ဆီသို့ ငုံ့ကြည့်နေပြီးမှ မှင်သက်စွာဖြင့် သူ၏ စာရေးစားပွဲဆီသို့ ပြန်ပြီး လမ်းလျှောက်လာလိုက်သည်။

အခန်းသည် မည်းမှောင်နေသော်ငြား သူ မီးမဖွင့်မိ။ အံဆွဲတစ်ခုကို ဆွဲဖွင့်လိုက်ပြီး ဖောင်တိန်တစ်ချောင်းနှင့် စာရွက်ကိုထုတ်လိုက်သည်။ ထို့နောက် အောက်မေ့နေရင်း ဖြည်းဖြည်းချင်း စာစရေးလိုက်သည်။ ဖောင်တိန်၏ ထိပ်သီးက ရွေ့လျားနေရင်း အချိန်မှာ ကုန်ဆုံးသွားတော့သည်။

************

ရှဲ့ချီ အိမ်ပြန်ရောက်လာသောအခါ App ထဲတွင် ရှန်ယိထံမှ ယိဟယ်စုန့်အကြောင်း စာတစ်စောင်ရလိုက်သည်။

ယိဟယ်စုန့် သွားမည့် နောက်ထပ်ချောက်ချားဖွယ်ရာ ဇာတ်ကားမှာ လိမ္မော်ရောင်ကိုမှ အမြင့်ဆုံးအရည်အသွေးရှိသည့် သရဲကားဖြစ်ကြောင်း သိလိုက်ရသည်။ တိုက်ဆိုင်စွာပင် ရှဲ့ချီသည်လည်း လိမ္မော်ရောင်အားလုံးကို သွားနိုင်ခွင့် အပြည့်အဝရသွားပြီဖြစ်သည်။

App ထဲတွင် အမြင့်ဆုံး သဘာဝအရည်အသွေးမှာ သူအမြဲထင်ထားသကဲ့သို့ အနက်ရောင်မဟုတ်ဘဲ အနီရောင်ဖြစ်သည်ဟု ရှန်ယိက အသေအချာကို ရှင်းပြပေးထားသည်။ အနက်ရောင်ဇာတ်ကားများသည် အနီရောင်ဇာတ်ကားများ အဆင့်မြင့်သွားမှသာ ရလေသည်။ ချောက်ချားစရာ ဇာတ်ကားတစ်ကားမှာ နာမည်ကြီး ပထမတန်းစား၊ ဒုတိယတန်းစား သရုပ်ဆောင်များအတွက် ဆိုလျှင်တောင်မှ အနက်ရောင်က စ၍မရသောကြောင့် လိမ္မော်ရောင် (သို့) အနီရောင် ဇာတ်ကားများကိုသာ အဓိကထားရိုက်ကူးကြရလေသည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now